အန်းဒီမာရေး

August 15, 2015

ရော်ဂျာစ်ဖလား တွင် လက်ရှိချန်ပီယံ အန်ဒီမာရေး ဆီမီးဖိုင်နယ်တက် (ရုပ်သံ)

ရော်ဂျာစ်ဖလား ပြိုင်ပွဲမှာ လက်ရှိ ချန်ပီယံ ဗြိတိန် နိုင်ငံသား အန်ဒီမာရေးဟာ  ပြင်သစ်က ယိုဝေးဖရီး ဆွန်ဂါကို အနိုင်ကစားပြီး ဆီမီးဖိုင်နယ်ကို တက်သွားပါတယ်။ ကနေဒါ နိုင်ငံမှာ သြဂုတ် ၁၅ ရက်နေ့ အစောပိုင်းက ယှဉ်ပြိုင်တဲ့ ပွဲမှာ မာရေးက ၆-၄၊ ၆-၄ နဲ့ အနိုင်ခဲ့တာပါ။ မိုးကြောင့် သတ်မှတ်ချက်ထက် နောက်ကျမှ ကစားတဲ့ ပွဲဆိုပေမယ့် ကစားချိန် ၁ နာရီ မိနစ် ၄၀ အတွင်းမှာပဲ မာရေးက အနိုင်ယူခဲ့ပါတယ်။ မာရေးဟာ ဆီမီးဖိုင်နယ်ကျရင် ဂျပန်က ကိုင် နစ်ရှိကိုရီနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
6 years Ago
Up