အန်ဘာပေးနှင့်

December 23, 2017

အန်ဘာပေးနှင့် ဂျီးဆပ်စ်တို့ကို ခေါ်ယူရန် အကြံပေးခဲ့ဖူးဟု ရွိုင်ယန်ဂစ် ပြော

ပီအက်စ်ဂျီအသင်းရဲ့ လူငယ်ကြယ်ပွင့် အန်ဘာပေးနဲ့ မန်စီးတီးတိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်စ်တို့ ပေါင် ၅ သန်းလောက်သာ တန်ဖိုးရှိချိန်မှာ ခေါ်ယူဖို့ အကြံပေးခဲ့ဖူးတယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်ကစားသမား ရိုင်ယန်ဂစ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ရိုင်ယန်ဂစ်ဟာ လူးဝစ်ဗန်ဟားလ်လက်ထက် လက်ထောက်နည်းပြအဖြစ် တာဝန်ယူနေချိန်မှာ အဲဒီကစားသမား ၂ ဦးကို ၅ သန်းနဲ့ ခေါ်ယူဖို့ တိုက်တွန်းခဲ့တာပါ။ လက်ရှိ မန်စီးတီးအသင်းမှာ ခြေစွမ်းပြနေတဲ့ ဂျီးဆပ်စ်ဟာ ပါးလ်မီးရက်စ်အသင်းကနေ ပေါင် ၂၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပေမယ့် လက်ရှိအချိန်မှာ ပေါင် သန်း ၁၀၀ နီးပါး တန်ကြေးရှိနေသလို မိုနာကိုအသင်းကနေ ပေါင်သန်း ၁၆၀ နဲ့ ပြောင်းရွှေ့ခဲ့တဲ့ အန်ဘာပေးဟာလည်း အခုအချိန်မှာ ပြန်လည်ရောင်းချမယ်ဆိုရင် ပေါင်သန်း ၂၀၀ နီးပါး တန်ကြေးရှိနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရွိုင်ယန်ဂစ်က ဝဲလ်ဘတ်၊ ရာဖေးလ်၊ ဂျွန်နီအီဗန်စ်တို့ကို ရောင်းထုတ်ခဲ့တာနဲ့ ပတ်သက်ပြီး လက်ခံခြင်းမရှိခဲ့ပါဘူး။ လက်ရှိ မန်ချက်စတာယူနိုက်တက်အသင်းကို အမှတ်ပေးဇယား အပေါ်ပိုင်းမှာ ရပ်တည်စေခဲ့သလို ယူရိုပါလိဂ်ဖလား ရယူပေးခဲ့တဲ့ နည်းပြမော်ရင်ဟိုကိုတော့ ရွိုင်ယန်ဂစ်က ချီးကျူးခဲ့ပါတယ်။
4 years Ago
Up