အန်ဘာပေ

June 23, 2019

ပြင်သစ်လူငယ်ကြယ်ပွင့် အန်ဘာပေကို ခေါ်ယူရန် ရီးရဲလ်ပြင်ဆင်

ရီးရဲလ်မက်ဒရစ်အသင်းဟာ ကြယ်ပွင့်ကစားသမားတွေကို လိုက်လံခေါ်ယူနေပြီး အခုတကြိမ်မှာလည်း ပြင်သစ်လူငယ်ကြယ်ပွင့် အန်ဘာပေကို လာမယ့်ရာသီအတွက်ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ အန်ဘာပေးဟာ မိုနာကိုအသင်းကနေ ပေါင်သန်း ၁၆၀ နဲ့ ပီအက်စ်ဂျီအသင်းကို ရောက်ရှိလာခဲ့တာဖြစ်လို့ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ အမှန်တကယ်ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အစောပိုင်းခေါ်ယူထားတဲ့ ချဲလ်ဆီးတိုက်စစ်မှူး ဟာဇက်ထက် ပြောင်းရွှေ့ကြေး ပိုများဖို့ ရှိနေပါတယ်။ အသက် ၂၀ အရွယ်သာ ရှိသေးပြီး ကမ္ဘာ့ဖလားလည်း ရရှိထားတဲ့ အန်ဘာပေဟာ ပီအက်စ်ဂျီအသင်းအတွက်လည်း ပြီးခဲ့တဲ့ရာသီက ပွဲတိုင်းလိုလို ခြေစွမ်းပြထားနိုင်ပါတယ်။ အန်ဘာပေဟာ ပြိုင်ပွဲစုံ ၈၇ ပွဲကစားထားပေမယ့် သွင်းဂိုး ၆၀ ထိရှိထားပါတယ်။ လက်ရှိမှာ ပီအက်စ်ဂျီအသင်းက ကစားသမားတွေဟာ အသင်းကနေထွက်ခွာဖို့ ပြင်ဆင်နေပြီးတော့ အဲဒီကစားသမားတွေထဲမှာ နေမာလည်း ပါဝင်နေပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဥရောပချန်ပီယံလိဂ်မှာ ပြီးခဲ့တဲ့ နှစ်ရာသီဆက်တိုက် ၁၆ သင်း အဆင့်ကနေ လှည့်ပြန်ခဲ့ရပြီးတော့ ကစားသမားတွေဟာလည်း စိတ်ပျက်နေကြတယ်လို့ သိရပါတယ်။
2 years Ago

January 20, 2019

ပီအက်စ်ဂျီတိုက်စစ်မှူး အန်ဘာပေနှင့် မနက်စာအတူစားခဲ့သည့် ဒေးဗစ်ဘက်ခမ်း

နာမည်ကျော် ဘောလုံးသမားဟောင်း တဦးဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းဟာ ပီအက်စ်ဂျီတိုက်စစ်မှူးလေး အန်ဘာပေနဲ့တွေ့ဆုံပြီး မနက်စာ တူတူစားခဲ့တယ်လို့ သိရပါတယ်။ ဘက်ခမ်းဟာ ပြင်သစ် WonderKid ရရှိခဲ့တဲ့ ကမ္ဘာ့ဖလား ရွှေတံဆိပ်ဆုကိုကိုင်ပြီး အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အင်စတာဂရမ်စာမျက်နှာမှာ ဘက်ခမ်းက သူဟာ ကိုင်လီရန်ရဲ့ ဆုကိုကိုင်ပြီး တွေ့ဆုံခဲ့တာကို သားဖြစ်သူတွေကတော့ မနာလိုတော့မှာပဲဆိုပြီး တင်ခဲ့တာ ဖြစ်ပါတယ်။ အန်ဘာပေးကလည်း သူ့ရဲ့အင်စတာဂရမ် စာမျက်နှာကနေ ဘက်ခမ်းနဲ့ပုံကို ဂန္တဝင်နဲ့တွေ့ဆုံခဲ့တယ်ဆိုပြီး ရေးသားပြီးတင်ခဲ့ပါတယ်။ ဒေးဗစ်ဘက်ခမ်းဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီမှာ တရာသီကစားခဲ့ဖူးပြီး ၂၀၁၄ ခုနှစ်မှာ ပဲရစ်မြို့မှာပဲ ကစားသမားဘဝကို အနားယူခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဘက်ခမ်းက ပဲရစ်မြို့ဟာ သူအနှစ်သက်ဆုံးမြို့တွေထဲက တမြို့ဖြစ်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ ဘက်ခမ်းဟာ မေဂျာလိဂ်ကလပ်အသင်းတသင်း တည်ထောင်ထားပြီးတော့ နာမည်ကြီးကစားသမားတွေနဲ့ အသင်းကို စတင်လာမယ့် သဘောမှာ ရှိနေပါတယ်။
2 years Ago
Up