အန်ဒီအေအေခေါင်းဆောင်၏ဇနီးက ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကား ပေးအပ်

A d v e r t i s e m e n t With Us

June 30, 2019

အန်ဒီအေအေခေါင်းဆောင်၏ဇနီးက ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကား ပေးအပ်

မိုင်းလား အထူးဒေသ ၄ အန်ဒီအေအေ ခေါင်းဆောင် ဦးစိုင်းလင်းရဲ့ ဇနီးလည်းဖြစ်၊ ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်ရဲ့ သမီးလည်းဖြစ်သူ ဒေါ်နန်းရင်က ဒေါ်အောင်ဆန်းစုကြည် အတွက် ပုံတူပန်းချီပေးအပ်ခဲ့ပါတယ်။  မိုင်းလားဒေသ ငြိမ်းချမ်းရေးပွဲတော်ကို တက်ရောက်လာတဲ့အဖွဲ့နဲ အဲ့ဒီလက်ဆောင်ကို ပေးခဲ့တာပါ။ သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်းတွေကို အရင်ကတည်းက ဖတ်ဖူးသိထားပြီး အရမ်းကို လေးစားမှုရှိတယ်လို့ ဒေါ်နန်းရင်က ပြောပါတယ်။   မိုင်းလား အထူးဒေသ ၄ ငြိမ်းချမ်းရေး နှစ် ၃၀ပြည့် အခမ်းအနားကို  ဒီနေ့ ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း သ၀ဏ်လွှာတစောင် ပေးပို့ခဲ့ပါတယ်။
2 years Ago
Up