အန်ဒီမာရေး

June 23, 2019

အန်ဒီမာရေး ဖလားရချိန် မျက်ရည်ကျဖူးဟု မော်ရင်ဟိုပြော

အန်ဒီမာရေး ဝင်ဘယ်လ်ဒန်ဖလားရရှိချိန်မှာ မျက်ရည်ကျခဲ့ဖူးတယ်လို့ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့ပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေတဲ့ မော်ရင်ဟိုဟာ နောက်ထပ်အလုပ်တခုကို ရှာဖွေနေဆဲဖြစ်ပါတယ်။ မော်ရင်ဟိုဟာ လက်တလော လန်ဒန်မြို့က ချဲလ်ဆီးမှာ နေထိုင်နေပြီး အန်ဒီမာရေး ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ Fever Tree Championship ပြိုင်ပွဲကို လာရောက်ကြည့်ရှုနေပါတယ်။ မာရေးလေ့ကျင့်ခန်း ဆင်းတဲ့အချိန်မှာ စိတ်ဝင်တစား လာရောက်ကြည့်ရှုခဲ့သလို ဓာတ်ပုံတွေလည်း ရိုက်နေခဲ့ပါတယ်။ မော်ရင်ဟိုဟာ ဘောလုံးအားကစားနည်းကို အကြိုက်ဆုံးဖြစ်ပြီးတော့ တင်းနစ်ကိုတော့ ဒုတိယအကြိုက်ဆုံးဖြစ်တယ်လို့ သိရပါတယ်။ တင်းနစ်ကစားသမားတွေထဲမှာမှ အန်ဒီမာရေးကို အကြိုက်ဆုံးလို့သိရပြီး မာရေးရဲ့ အောင်မြင်မှုတွေဟာ အသက်အရွယ်နဲ့ယှဉ်ရင် လုံလောက်နေပြီလို့ ဆိုပါတယ်။ နောက်ပြီးတော့ သူဝင်ဘယ်တန်ဖလားရရှိချိန်မှာ မျက်ရည်ကျခဲ့ပြီး ဝင်ဘယ်တန်ဖလားတို့ ရိုလန်ဂါးရိုစ့်ပြိုင်ပွဲတွေဟာ ဘောလုံးအားကစားနည်းမှာဆိုရင် ချန်ပီယံလိဂ်ဖလားလိုပဲလို့ ပြောကြားခဲ့ပါတယ်။
2 years Ago

January 12, 2019

ဗြိတိန်တင်းနစ် အကျော်အမော် အန်ဒီမာရေး ဒဏ်ရာကြောင့် အပြီးတိုင်အနားယူ

တင်းနစ်လောကရဲ့ နာမည်ကျော်တဦးဖြစ်တဲ့ ဗြိတိန်တင်းနစ်အကျော်အမော် အန်ဒီမာရေးဟာ ကာလရှည်ကြာ ကုသနေခဲ့ရတဲ့ တင်ပါးဆုံဒဏ်ရာကို ပျောက်ကင်းအောင် မကုသနိုင်တဲ့ နောက်ဆုံးမှာတော့ အပြီးတိုင်အနားယူသွားခဲ့ပြီ ဖြစ်ပါတယ်။ မာရေးဟာ သြစတြေးလျ အိုးပင်းပြိုင်ပွဲမစတင်မီ တရက်အလိုမှာ ကစားသမားဘဝကနေ အပြီးတိုင် အနားယူတော့မှာ ဖြစ်ကြောင်း မီဒီယာတွေကို ကြေညာခဲ့တာဖြစ်ပါတယ်။ ဝင်ဘယ်ဒန်ချန်ပီယံ ၂ ကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးတဲ့ မာရေးဟာ အမြင့်ဆုံး ကမ္ဘာ့နံပါတ် ၁ နေရာကို ရရှိခဲ့ဖူးပေမယ့် အခု အနားယူချိန်မှာတော့ ကမ္ဘာ့အဆင့် ၂၃၀ နေရာထိ ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ ပွဲစဉ်ပေါင်း ၆၆၃ ပွဲအနိုင်ရရှိပြီး အဓိကမေဂျာ ဆုဖလားတွေအပါအဝင် ဆုဖလားပေါင်း ၄၅ ခုထိ ရရှိထားခဲ့တဲ့ မာရေး အနားယူမှုကို တင်းနစ်အကျော်အမော်တွေဖြစ်တဲ့ နာဒယ်၊ ဖက်ဒါရာ၊ ဂျိုကိုဗစ် နဲ့ မာရေးရဲ့ အမေဖြစ်သူတို့ဟာ ဝမ်းနည်းမှုကို ပြသခဲ့ကြပြီး မာရေးကိုယ်တိုင်လည်း မျက်ရည်တွေနဲ့ လက်ပြနှုတ်ဆက်သွားခဲ့တာဖြစ်ပါတယ်။ အန်ဒီမာရေးဟာ ဗြိတိန်တို့အတွက် ဂုဏ်ယူရတဲ့ အားကစားသမားတဦးလည်း ဖြစ်ပြီးတော့ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ချီးမြှင့်ခဲ့တဲ့ ဆုတံဆိပ်တွေလည်း ရရှိခဲ့ဖူးသူဖြစ်ပါတယ်။
3 years Ago
More News
Up