ဘယ်လ်ဂျီယံ နောက်ခံကစားသမား တိုဘီအန်ဒါဝီလ်ဟာ အသင်းနဲ့အတူ ငါးနှစ် စာချုပ်ချုပ်လိုပြီး တပတ်လုပ်ခ ပေါင်နှစ်သိန်းအထိ တိုးမြှင့်ရရှိလိုပေမယ့် စပါးအသင်းနဲ့ သဘောတူညီမှု မရှိတာကြောင့် အသင်းကနေ ထွက်ခွာဖို့ အခြေအနေ များလာခဲ့ပါတယ်။
ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီအသင်းကတော့ တနှစ်လုပ်ခ ပေါင် ၁၀ သန်းနဲ့ ခေါ်ယူလိုနေသလို မန်ချက်စတာယူနိုက်တက်အသင်းကလည်း စိတ်ဝင်စားလာခဲ့တယ်လို့ သိရပါတယ်။
အသက် ၂၉ နှစ်အရွယ် ရှိနေတဲ့ အန်ဒါဝီလ်ဟာ အသက်အရွယ်အရ တော့တင်ဟမ်အသင်းက ကာလရှည်စာချုပ် ချုပ်ဆိုလိုခြင်း မရှိပေမယ့် ပီအက်စ်ဂျီအသင်းကတော့ အန်ဒါဝီလ် လိုလားတဲ့အတိုင်း သဘောတူသွားမယ့်သဘောမှာ ရှိနေပါတယ်။
အန်ဒါဝီလ်ဟာ ဒဏ်ရာရရှိခဲ့ပြီးနောက်ပိုင်း စပါးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေသူဖြစ်ပြီး အသင်းကနေ ထွက်ခွာဖို့လည်း ပြောကြားထားသူ ဖြစ်ပါတယ်။
စပါးနည်းပြ ပိုချက်တီနိုကတော့ အန်ဒါဝီလ်ဟာ ကစားသမားကောင်း ဖြစ်ပေမယ့် ပထမဦးစားပေး အနေနဲ့ ရွေးချယ်သွားဖို့တော့ မရှိဘူးလို့ ပြောကြားထားပါတယ်။
3 years Ago