အန်ဒရီဂိုမက်ဇ်

A d v e r t i s e m e n t With Us

June 26, 2019

ဘာစီလိုနာကွင်းလယ်လူ အန်ဒရီဂိုမက်ဇ်ကို အဲဗာတန် အပြီးသတ်ခေါ်ယူ

အဲဗာတန်အသင်းဟာ ဘာစီလိုနာကွင်းလယ်လူ အန်ဒရီဂိုမက်ဇ်ကို ပေါင် ၂၂ သန်းနဲ့ အပြီးသတ် ခေါ်ယူလိုက်ပါတယ်။ ပေါ်တူဂီလက်ရွေးစင် အန်ဒရီဂိုမက်ဇ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကတည်းက ဘာစီလိုနာ အသင်းကနေ အဲဗာတန်အသင်းဆီ အငှားစာချုပ်နဲ့ လာရောက်ကစားနေတာပါ။ ဂိုမက်ဇ်ဟာ အဲဗာတန်အသင်းနဲ့အတူ စုစုပေါင်း ၂၉ ပွဲအထိ ကစားခွင့်ရခဲ့ပြီး တဂိုးသွင်းခဲ့ပါတယ်။ အသင်းမှာ ဆက်ကစားခွင့် ရတော့မှာဖြစ်လို့ ပျော်ရွှင်မိပြီး အသင်းမှာဆက်နေဖို့ အလွယ်တကူပဲ ဆုံးဖြတ်ချက် ချခဲ့တာဖြစ်တယ်လို့ ဂိုမက်ဇ်က ပြောကြားခဲ့ပါတယ်။ ကွင်းလယ်ကစားသမား အန်ဒရီဂိုမက်ဇ်ဟာ ဘင်ဖီကာအကယ်ဒမီထွက် ကစားသမားတဦးဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ ဗလင်စီယာ၊ ၂၀၁၆ ခုနှစ်မှာ ဘာစီလိုနာ အသင်းတွေကို ပြောင်းရွှေ့ကစားခဲ့တာပါ။ ဘာစီလိုနာအတွက် နှစ်ရာသီအတွင်းမှာ ၇၈ ပွဲအထိ ကစားခွင့်ရခဲ့ပေမယ့် ပုံမှန်ပွဲထွက်ခွင့် ရဖို့အတွက် အဲဗာတန်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
2 years Ago
Up