အန္တာတိကတိုက်အနောက်ခြမ်းကနေ လုံးဝနေကြတ်တာကို ဒီဇင်ဘာ ၄ ရက်က မြင်ရတဲ့ ရုပ်သံကို အမေရိကန် အမျိုးသားအာကာသ သိပ္ပံ နာဆာက ဖြန့်ချိလိုက်ပါတယ်။
ကမ္ဘာ့တောင်စွန်းမှာရှိတဲ့ အန္တာတိကတိုက်မှာ အောက်တိုဘာလလယ်က စပြီး ဧပြီလဆန်းထိ တဆက်တည်းသော နေ့အလင်းရောင်ကို ခံစားနေတာပါ။
ဒါပေမယ့် လုံးဝနေကြတ်ခြင်း ဖြစ်စဉ်ကြောင့် မိနစ် နည်းနည်းလောက် ဒေသတခုလုံး မှောင်ကျ သွားခဲ့ပါတယ်။
နေနဲ့ ကမ္ဘာကြားမှာ လက ဝင်ရောက်လာချိန်မှာ လရဲ့အရိပ်က ကမ္ဘာပေါ်က နေရာတခုပေါ် ကျရောက်တာ ဒါမှမဟုတ် ကမ္ဘာပေါ်က တချို့ နေရာတွေမှာ နေရဲ့ အလင်းရောင်ကို တစိတ်တပိုင်း ကြည့်မြင်နိုင်ပါတယ်။
နေအပြည့် ကြပ်တာကတော့ နေ၊ လနဲ့ ကမ္ဘာတို့ကြား တတန်းတည်း ကျဖို့ လိုသလို ခုအချိန် နေအပြည့်ကြတ်တဲ့ ဖြစ်စဥ်ကို အန္တာတိက တိိုက်ကနေ မြင်ရမှာပါ။
နေကြတ်တာကို တောင်အာဖရိက၊ ချီလီ၊ နယူးဇီလန် နဲ့ ဩစတြေးကလျ တို့ကနေ တစိတ်တပိုင်း မြင်နိုင်တယ်လို့ သိရပါတယ်။