ဆောင်းတွင်းနဲ့ နွေဦးပေါက်ကာလမှာ အန္တရာယ်ရှိအုပ်စုတွေကို ကိုဗစ်ကာကွယ်ဆေး ဦးစားပေး ထိုးနှံသွားမယ်လို့ တရုတ်အမျိုးသားကျန်းမာရေးကော်မရှင် (NHC) အကြီးတန်း အရာရှိ တစ်ဦးက ဒီဇင်ဘာ ၁၉ ရက်မှာ ပြောပါတယ်။
ရာသီဥတုအေးလာတာနဲ့အမျှ တရုတ်နိုင်ငံရဲ့ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး ကြိုးပမ်းမှု တွေဟာ ဖိအားတွေ ပိုမိုရင်ဆိုင်လာရတယ်လို့လည်း NHC ဒုဝန်ကြီး ကျန်းရီရှင်းက သတိပေးခဲ့ ပါတယ်။
တရုတ်နိုင်ငံဟာ ရောဂါပြီးအုပ်စု တည်ဆောက်ဖို့နဲ့ အန္တရာယ်ရှိအုပ်စုတွေကို ကာကွယ်ဆေး ထိုးနှံဖို့ ရည်ရွယ်ထားပါတယ်။
အန္တရာယ်ရှိအုပ်စုတွေမှာ အအေးခန်းလုပ်ငန်း၊ အကောက်ခွန်၊ ကျန်းမာရေး၊ ဈေးနဲ့ အများပြည်သူ့ပို့ဆောင်ရေးကဏ္ဍက အလုပ်သမားတွေ ပါဝင်ပါတယ်။
ဒါဟာ အဆင့်လိုက် ကာကွယ်ဆေးထိုးနှံရေး အစီအစဉ် တစိတ်တပိုင်းဖြစ်တယ်လို့လည်း ကျန်းရီရှင်းက ဆိုပါတယ်။
ထိုးနှံမယ့် ကိုဗစ်ကာကွယ်ဆေးထဲမှာ ဇူလိုင်လက စတင်တဲ့ အရေးပေါ် သုံးစွဲရေးအစီ အစဉ်အရ စီနိုဖမ်းကုမ္ပဏီထုတ် စမ်းသပ်ကာကွယ်ဆေး နှစ်မျိုးနဲ့ စီနိုဗက်ကုမ္ပဏီထုတ် ကာကွယ်ဆေး တစ်မျိုးပါဝင်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
4 months Ago