အမေရိကန်နိုင်ငံက ပြည်သူပိုင်လမ်းတွေပေါ် အန္တရာယ်ရှိတဲ့အဆင့်ထိ နှင်းတွေ ကျနေလို့ နှင်းတွေကို ဖောက်ခွဲရေးပစ္စည်းတွေနဲ့အမြောက်တွေသုံးပြီး ဖြိုချခဲ့ရပါတယ်။
ဒီနှင်းတွေကို ယူတာပြည်နယ်သယ်ယူပို့ဆောင်ရေးဌာန (UDOT) က ထိန်းချုပ် ဖြိုချခဲ့တာပါ။
အခုလိုဖြိုချလိုက်တဲ့အတွက် လစ်တဲလ်ကော်တွန်ဝုဒ် ချောက်ကမ်းပါးပေါ်က နှင်းထုတွေ လမ်းတလမ်းပေါ်ကို ပြိုကျခဲ့ပါတယ်။
ဒါဟာ ချောက်တွေထဲမှာ ခရီးသွားနေတဲ့ လူတိုင်းဘေးကင်းစေဖို့ အရေးကြီးလို့ ဌာနက ဆောင်ရွက်ခဲ့တာလို့ UDOT ဌာနဝန်ထမ်းက တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ရေးပါတယ်။
ဒါ့အပြင် အပန်းဖြေစခန်းတွေဆီလာတဲ့ နှင်းလျှောစီးသမားတွေအတွက် ချောက်ထဲက လမ်းကိုဖွင့်ဖို့ စီစဉ်ဖြိုချမှုတွေထဲက တခုလို့လည်း သူက ဆိုပါတယ်။
1 year Ago