အန်ကွန်ကူ

January 25, 2019

ပီအက်စ်ဂျီကွင်းလယ်လူ အန်ကွန်ကူကို ခေါ်ယူရန် အာဆင်နယ် ဆက်သွယ်

အာဆင်နယ်အသင်းဟာ ပီအက်စ်ဂျီ ကွင်းလယ်ကစားသမား ခရစ္စတိုဖာ အန်ကွန်ကူကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ဆက်သွယ်နေတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ အခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့ မပိတ်ခင်မှာ ကွင်းလယ်ကစားသမားတဦး ခေါ်ယူဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ အသက် ၂၁ နှစ်ရှိ ပြင်သစ်လူငယ်လက်ရွေးစင် အန်ကွန်ကူဟာ အခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ၁၆ ပွဲအထိ ကစားထားပြီး ၂ ဂိုး သွင်းယူထားတာပါ။ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီနဲ့လည်း လက်တွဲဖူးတာကြောင့် အာဆင်နယ်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ အန်ကွန်ကူဟာ ပီအက်စ်ဂျီ အကယ်ဒမီထွက် ကစားသမားတဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်ကတည်းက အသင်းကြီးမှာ စတင်ပွဲထွက်ခွင့်ရခဲ့ပြီး လက်ရှိအချိန်အထိ စုစုပေါင်း ၆၅ ပွဲ ကစားပေးထားပါတယ်။
2 years Ago
Up