အနံ့မရသူ

November 24, 2020

ကိုဗစ်လူနာသစ် ၁,၂၅၉ ဦးတွင် ရန်ကုန်က ၈၀၉ ဦးဖြင့် အများဆုံးတွေ့၊ အနံ့မရသူ ၂၅၅ ဦးပါဝင်

မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၂၅၉ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၈၀၉ ယောက်၊ မန္တလေးတိုင်းက ၁၅၆ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညနေ ၅ နာရီခွဲ ထုတ်ပြန်ချက်အရ သိရပါတယ်။ ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မြောက်ဉက္ကလာပက ၉၆ ယောက်၊ မင်္ဂလာဒုံနဲ့ မရမ်းကုန်းက ၆၂ ယောက်စီနဲ့ အများဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ်ပေါင်း  ၄၁ ခုပါဝင်နေတာ ဖြစ်ပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ်    ၁၇ ခုမှာ ၁၅၆ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၈ ခုမှာ ၃၀ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၀ မှာ ၇၉ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၃ ခုမှာ ၆၉ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၅ ခုမှာ ၅၂ ယောက်၊ မကွေးတိုင်းမြို့နယ် ၆ ခုမှာ ၁၈ ယောက်၊ နေပြည်တော်၊ ဒက္ခဏသီရိမြို့နယ်မှာ ၁ ယောက်၊ စစ်ကိုင်းတိုင်း မြို့နယ် ၈ ခုမှာ ၁၃ ယောက်၊ တနင်္သာရီတိုင်းမြို့နယ် ၃ ခုမှာ ၁၀ ယောက်၊ ကရင်ပြည်နယ်မြို့နယ်  ၂ ခုမှာ  ၈ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၃ ခုမှာ ၃ ယောက်၊ ကချင်ပြည်နယ် မြို့နယ် ၃ ခုမှာ  ၆ ယောက်၊ ချင်းပြည်နယ်မြို့နယ် ၃ ခုမှာ ၄ ယောက်၊ ကယားပြည် နယ်၊ လွိုင်ကော်မြို့မှာ ၁ ယောက်စီ အသီးသီးတွေ့ရှိခဲ့ပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ  ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၂၃ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူ နာစုစု ပေါင်း ၈၀,၅၀၅ ယောက်၊ သေဆုံးသူ ၁,၇၆၅ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၅၉,၈၈၈ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ  ၅၉ ဒသမ ၅ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၄ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၄၁ ဒသမ ၂ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။
2 years Ago

November 17, 2020

ကိုဗစ်လူနာသစ် ၁,၁၆၇ ဦးတွင် ရန်ကုန်က ၈၃၉ ဦးဖြင့် အများဆုံးတွေ့၊ အနံ့မရသူ ၃၀၈ ဦးပါဝင်

မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၁၆၇ ယောက်ထဲမှာ ရန်ကုန်တိုင်း က  ၈၃၉ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညနေ ၄ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။ ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ တာမွေ ၇၅ ယောက်၊ မြောက်ဉက္ကလာပ  အယောက် ၇၀၊ စမ်းချောင်း ၅၄ ယောက်စီနဲ့ အများဆုံးတွေ့ရှိခဲ့ပြီး စုစုပေါင်းမြို့နယ် ၄၂ ခု ပါဝင်နေတာ ဖြစ်ပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ်  ၁၂ ခုမှာ ၉၆ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၃ ခုမှာ ၆၂ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၄ ခုမှာ ၄၉ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၉ ခုမှာ  ၃၅ ယောက်၊ ကရင်ပြည်နယ်မြို့နယ် ၃ ခုမှာ ၂၅ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၅ ခုမှာ ၂၀ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၉ ခုမှာ ၁၆ ယောက်၊ မကွေးတိုင်းမြို့နယ် ၄ ခုမှာ ၁၂ ယောက်၊  တနင်္သာရီတိုင်း မြို့နယ် ၂ ခုမှာ  ၄ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၂ ခုမှာ  ၄ ယောက်၊ နေပြည်တော်မြို့နယ်  ၃ ခုမှာ  ၃ ယောက်၊ ချင်းပြည်နယ် မြို့နယ် ၂ ခုမှာ ၂ ယောက်စီ အသီးသီး တွေ့ရှိခဲ့ပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ  ၃၀၈ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၁၆ ရက်ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း  ၇၀,၁၆၁ ယောက်၊ သေဆုံးသူ ၁,၅၉၉ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူစုစုပေါင်း ၅၃,၂၂၉  ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေ ၄ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၅ ဒသမ ၄ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၃ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၈ ဒသမ ၅ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။  
2 years Ago
More News
Up