အနံ့မရရှိသူ

A d v e r t i s e m e n t With Us

December 1, 2020

ကိုဗစ်-၁၉ လူနာသစ် ၁,၂၂၇ ဦးတွင် ရန်ကုန်  ၅၆၅ ဦးဖြင့် အများဆုံးတွေ့ရှိ၊ အနံ့မရရှိသူ ၁၄၈ ဦးပါဝင်

မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၂၂၇ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၅၆၅ ယောက်၊ မန္တလေးတိုင်းက ၁၄၇ ယောက်နဲ့ အများဆုံးတွေ့ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညနေ ၅ နာရီခွဲ ထုတ်ပြန်ချက်အရ သိရပါတယ်။ ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မင်္ဂလာဒုံက ၅၅ ယောက်၊  ရွှေပြည်သာက အယောက် ၅၀၊ တာမွေက ၄၆ ယောက်စီနဲ့ အများဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ်ပေါင်း  ၄၁ ခုပါဝင်နေတာ ဖြစ်ပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ်  ၁၄ ခုမှာ ၁၄၇ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၅ ခုမှာ ၂၈ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၆ ခုမှာ ၁၃၂ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၄ ခုမှာ ၆၃ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၁၀ ခုမှာ ၁၃၀ ယောက်၊ မကွေးတိုင်းမြို့နယ် ၁၀ ခုမှာ ၃၅ ယောက်၊ နေပြည်တော် မြို့နယ် ၄ ခုမှာ ၁၁ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၅ ခုမှာ ၁၇ ယောက်၊ တနင်္သာရီတိုင်းမြို့နယ် ၃ ခုမှာ ၁၀  ယောက်၊ ကရင်ပြည်နယ်မြို့နယ် ၄ ခုမှာ ၃၆ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၆ ခုမှာ ၃၉ ယောက်၊ ကချင်ပြည်နယ်မြို့နယ် ၂ ခုမှာ ၅ ယောက်၊ ချင်းပြည်နယ် မြို့နယ် ၃ ခုမှာ ၈ ယောက်၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ၁ ယောက်စီ အသီးသီးတွေ့ရှိခဲ့ပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၁၄၈ ယောက် ပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၃၀ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၉၀,၇၁၃ ယောက်၊ သေဆုံးသူ ၁,၉၄၁ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၇၀,၁၅၆ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၃ ဒသမ ၆ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၄၇ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၄၄ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။
2 months Ago

November 4, 2020

ကိုဗစ်-၁၉ လူနာသစ် ၁,၁၉၇ ဦးတွင် ရန်ကုန်က ၈၉၃ ဦးဖြင့် အများဆုံးတွေ့ရှိ၊ အနံ့မရရှိသူ ၄၄၃ ဦး ပါဝင်

မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၁၉၇ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၈၉၃ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ  ၂ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။ ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ လှိုင်သာယာ ၁၂၂ ယောက်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) ၈၁ ယောက်နဲ့ သာကေတ ၆၆ ယောက်နဲ့ အများဆုံးတွေ့ရှိခဲ့ပြီး စုစုပေါင်း မြို့နယ် ၄၁ မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေး တိုင်းမြို့နယ် ၁၃ ခုမှာ ၇၀ ယောက်၊ မကွေးတိုင်းမြို့နယ် ၁၃ ခုမှာ ၅၂ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၈ ခုမှာ ၅၀ ယောက် ၊ ဧရာဝတီတိုင်းမြို့နယ် ၁၁ ခုမှာ ၄၅ ယောက်၊ ကရင်ပြည်နယ်မြို့နယ် ၃ ခုမှာ ၄၂ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၈ ခုမှာ ၁၈ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၄ ခုမှာ ၁၅ ယောက်၊ တနင်္သာရီတိုင်းမြို့နယ် ၃ ခုမှာ ၇ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၂ ခုမှာ ၃ ယောက်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့မှာ ၂ ယောက်စီ အသီးသီး တွေ့ရှိခဲ့ပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၄၄၃ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၃ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၅၅,၈၀၄ ယောက်၊ သေဆုံးသူ ၁,၃၀၇ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၃၉,၀၆၃ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၇ ဒသမ ၈ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၂ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၄ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။
3 months Ago
More News
Up