အနံ့ပျောက်သူ

A d v e r t i s e m e n t With Us

January 23, 2021

ချောက်မြို့တွင် ခရီးသွားရာဇဝင်မရှိဘဲ အနံ့ပျောက်သူ များလာ

မကွေးတိုင်း ချောက်မြို့မှာ ခရီးသွားရာဇဝင်မရှိဘဲ အနံ့ပျောက်သူတွေ တိုးလာပြီး ဇန်နဝါရီလအတွင်း ပိုးတွေ့လူနာ များလာတယ်လို့  ချောက်မြို့နယ် ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးက ပြောပါတယ်။  “အနံပျောက်လူနာတွေ များလာတာက ရောဂါကူးစက်မှုရှိနေတာကို မီးမောင်းထိုးပြနေတာ၊ ဒီအပေါ်မှာ ပြောချင်တာက အနံ့ပျောက်သူတွေက ပျောက်ပျောက်ခြင်း အုပ်ချုပ်ရေးတို့၊ ကျန်းမာရေးတို့ကို ပြောစေချင်တာ။ တော်တော်ကြာမှပြောတော့ သူတို့ကနေ တခြားသူတွေကို ထပ်ဖြန့်ဝေသလိုဖြစ်နေတာ။ အနံ့ပျောက်တယ်၊ သံသယ ရှိကတည်းက အပြင်မထွက်ဘဲ ကိုယ်အိမ်မှာကိုယ်နေပြီး ဆက်သွယ်စေချင်တယ်။” ဇန်နဝါရီ ၂၂ ရက်နေ့ကလည်း အနံ့ပျောက်သူ လေးဦးကို ခေါ်ယူစစ်ဆေးခဲ့ရာမှာ လေးဦးလုံး ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။  ချောက်မြို့နယ်အတွင်းမှာ ဇန်နဝါရီ ၁ လအတွင်း ပိုးတွေ့လူနာ ၅၉  ဦးအထိ ရှိခဲ့ပြီး စုစုပေါင်း ပိုးတွေ့လူနာ ၁၄၇ ဦးထိရှိနေပြီလို့ သိရပါတယ်။  အဲဒီထဲက ရောဂါသက်သာပျောက်ကင်းသွားလို့ ဆေးရုံက ဆင်းသွားသူတွေရှိပြီး လက်ရှိမှာတော့ ကုသဆဲ ပိုးတွေ့လူနာ ၃၇ ဦးအထိရှိနေတာကြောင့် Positive Center ဒုတိယ နေရာတစ်ခုကို ထပ်မံတိုးချဲ့ထားတယ်လို့ မြို့နယ် ကျန်းမာရေးဌာနက ပြောပါတယ်။  ကိုလင်း(ချောက်)
1 month Ago

January 2, 2021

ဧရာဝတီတိုင်း၌ အနံ့ပျောက်သူ ၄ ဦးလျှင် ၁ ဦးနှုန်း ကိုဗစ်ရောဂါပိုးတွေ့နေ

ဧရာဝတီတိုင်းမှာ ကိုဗစ်-၁၉ ကူးစက်မှုဟာ အနံ့ပျောက်သူ ၄ ဦးမှာ ၁ ဦးနှုန်း ရောဂါပိုးတွေ့နေပြီး ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းစုစုပေါင်း ဇန်နဝါရီ ၁ ရက်နေ့ထိ ကူးစက်ခံရသူ ၄,၅၀၀ ကျော်ထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီလိုရောဂါကူးစက်ခံရသူတွေထဲမှာ ရောဂါပိုးရှိသူနဲ့ ထိတွေ့မိလို့ ပိုးတွေ့တာ ၁၀ ယောက်မှာ ၁ ယောက်ရှိပြီး အနံ့ပျောက်လို့ စစ်ဆေးတဲ့ လူနာ ၄ ဦးမှာ ၁ ဦးနှုန်း ရောဂါပိုးတွေ့ရှိနေတာလို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ သန်းထွန်းအောင်က ပြောပါတယ်။ “တခြားနေရာကနေပြန်လာပြီး စစ်ဆေးလို့ ပိုးတွေ့တာတွေ ရှိပေမယ့် ရောဂါပိုးရှိသူနဲ့ ထိတွေ့မိလို့ ကူးစက်ခံရသူက ပိုများပါတယ်။ ရောဂါပိုးရှိသူနဲ့ ထိတွေ့မိလို့ ပိုးတွေ့တဲ့သူဟာ ၁၀ ယောက်မှာ ၁ ယောက်ရှိပါတယ်” လို့ ပြောပါတယ်။ ဒီလိုရောဂါကူးစက်ခံရသူတွေထဲမှာ ဒီဇင်ဘာလထဲ အများဆုံးဖြစ်သလို သေဆုံးသူ အရေအတွက်ဟာလည်း ၃၈ ဦးရှိတဲ့အနက် ဒီဇင်ဘာလမှာ ၂၂ ဦးထိရှိတယ်လို့  ဆိုပါတယ်။ ဧရာဝတီတိုင်းမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၃၈ ဦးရှိပြီး အဲဒီအထဲမှာ အသက် ၆၀ အထက် သေဆုံးသူ ၉၅ ရာနှုန်းနီးပါးရှိကာ လူငယ်တွေ သေဆုံးတာရှိပေမယ့် သေဆုံးတဲ့ လူငယ်တွေဟာလည်း ရောဂါအခံရှိသူတွေသာ ဖြစ်တယ်လို့ ဒေါက်တာသန်းထွန်းအောင်က ပြောပါတယ်။ ရောဂါတွေ့ရှိမှုများတဲ့ ပုသိမ်မြို့မှာ ဒီဇင်ဘာလ ၃၀ ရက်နေ့က စတင်ပြီး ကိုဗစ်ရောဂါ ရှိ၊ မရှိ အခမဲ့ စစ်ဆေးပေးမယ့် စင်တာ ၃ ခုကို ဖွင့်လှစ်ထားပြီး စစ်ဆေးချင်တဲ့သူတွေအနေနဲ့ သက်ဆိုင်ရာ ရပ်ကွက်ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူးတွေနဲ့ ကျန်းမာရေးဌာနဝန်ထမ်းတွေကို ဆက်သွယ်ပြီ စင်တာတွေမှာ အခမဲ့စစ်ဆေးနိုင်မယ်လို့ ဆိုပါတယ်။ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ထိ ဧရာဝတီတိုင်းမှာ ကိုဗစ်ရောဂါကူးစက်ခံထားရသူ ၄၅၈၅ ဦးနဲ့ သေဆုံးသူ ၃၈ ဦး ရှိပြီလို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
2 months Ago
Up