အနုမြူဗုံးကြဲလေယာဉ်

A d v e r t i s e m e n t With Us

April 30, 2020

ရုရှား၏ အနုမြူဗုံးကြဲလေယာဉ်များ ဘောလ်တစ်ပင်လယ်ထဲ ပျံသန်း

ရုရှားအစိုးရဟာ အနုမြူဗုံးသယ်နိုင်တဲ့ Tu-160 ဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေကို ပျံသန်းခိုင်းရာမှာ ဘောလ်တစ်ပင်လယ်ထဲက ဘယ်သူ့ပိုင်နက်မှ မဟုတ်တဲ့ ကြားနေ ပင်လယ်ရေ ပြင်ပေါ်ကနေ ဖြတ်ပျံခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၂၉ ရက်မှာ ထုတ်ဖော် ပြောလိုက်ပါတယ်။  ရုရှားရဲ့ ဒီလုပ်ရပ်ကြောင့် ဖင်လန်၊ ဒိန်းမတ်၊ ပိုလန်နဲ့ ဆွီဒင်နိုင်ငံတွေက ရုရှား လေယာဉ်တွေ ဒီနယ်မြေထဲကနေ ထွက်သွားအောင်လို့ သူတို့ရဲ့ ဂျက်လေယာဉ်တွေကို ပျံတက်ခိုင်းပြီး ခြံရံ မောင်းနှင် ပျံသန်းခိုင်းခဲ့ပါတယ်၊  လေကြောင်းခရီးစဉ်က ပုံမှန်ဖြစ်ပြီး နိုင်ငံတကာလေပိုင်နက်စည်းမျဉ်းကို တင်းတင်း ကြပ်ကြပ်လိုက်နာ စောင့်ထိန်းခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။  ရုရှားဟာ အလားတူ လေ့ကျင့်ပျံသန်းတာတွေကို အာတိတ်၊ အတ္တလန္တိတ်နဲ့ ပစိဖိတ် သမုဒ္ဒရာတွေထဲမှာလည်း လေ့ကျင့်ခဲ့ဖူးတာပါ။  ဒါ့အပြင် ပင်လယ်နက်နဲ့ ဘောလ်တစ်ပင်လယ်တို့ ကောင်းကင်မှာလည်း ပုံမှန်နီးပါး လေ့ကျင့်နေခဲ့တာပါ။  နေတိုးအဖွဲ့ဝင် နိုင်ငံတွေကတော့ ရုရှားရဲ့ ဒီမူဝါဒဟာ အကူအညီမရတဲ့ ခြိမ်းခြောက်မှုပဲ လို့ မြောက်အတ္တလန္တိတ်သဘောတူညီချက် လက်မှတ်ထိုးထားတဲ့ နေတိုးအဖွဲ့ဝင် နိုင်ငံတချို့က သတ်မှတ် ထားပါတယ်။  တူပိုလက်ဗ် တီ  T-160 ရုရှားတိုက်လေယာဉ်ဟာ တာတိုပစ် နျူကလီးယား ဒုံးကျည် ၁၂ စင်းထိ သယ်ထားနိုင်ပါတယ်။ ဒီလေယာဉ်ဟာ လေထဲမှာ ၈ နာရီကြာ ပျံသန်းနိုင်တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ပြော ပါတယ်။ ရုရှားဗုံးကြဲလေယာဉ် တူပိုလက်ဗ် Tu-22M3 ဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေဟာ အင်္ဂါနေ့ကလည်း လေးနာရီကြာ လေကြောင်းခရီးစဉ်အတွင်း ဘားရန့်စ်နဲ့ နော်ဝေ ပင်လယ်တွေ ထဲက ကြားခံရေပိုင်နက်ပေါ်ကနေ ဖြတ်ပျံခဲ့ပါတယ်။ ပျံသန်းလာတဲ့ ရုရှား လေယာဉ်တွေကို မောင်းထုတ်ဖို့ နော်ဝေ ဂျက်လေယာဉ်တွေကို နော်ဝေစစ်တပ်က အမိန့် ပေးခဲ့ရပါတယ်။  ဧပြီ ၂၈ ရက်ကလည်း ဘော်လ်တစ် တပ်မဟာအဖွဲ့ဝင် အဆင့်မြင့် ဂျက်လေယာဉ်တွေဟာ ဘောလ်တစ်ပင်လယ်ထဲက ရေကြောင်းပစ်မှတ်တွေကို ထိမှန်အောင် ပစ်ခတ်လေ့ကျင့်ခဲ့ကြ တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။   
10 months Ago
Up