အနီးကပ် ထိတွေ့

A d v e r t i s e m e n t With Us

May 28, 2020

ပရီးမီးယားလိဂ်ကစားသမားများ  အနီးကပ် ထိတွေ့လေ့ကျင့်မှုများ စတင်လုပ်ဆောင်

ပရီးမီးယားလိဂ်ကလပ်တွေက ကစားသမားတွေကြားမှာ အနီးကပ်ထိတွေ့နိုင်တဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်နိုင်ပြီလို့ ကြေညာခဲ့ပါတယ်။  ပရီးမီးယားလိဂ်ကလပ်တွေဟာ လေ့ကျင့်ရေးပြန်လုပ်ရာမှာ ၅ ဦးပါ အုပ်စုငယ်လေးတွေ ဖွဲ့ပြီး တဦးနဲ့တဦး ခပ်ခွာခွာ လေ့ကျင့်နေရတာပါ။  လက်ရှိအချိန်မှာတော့ ပြန်လည်ကစားနိုင်မယ့် အစီအစဉ်ရဲ့ အဆင့် ၂ အဖြစ် ကစားသမားတွေအနေနဲ့ မလိုအပ်တဲ့ ထိတွေ့မှုကလွဲပြီး အနီးကပ် လေ့ကျင့်တာတွေ လုပ်ဆောင်နိုင်ပြီဖြစ်ပါတယ်။  နောက်ထပ် အဆင့်တွေအနေနဲ့ ကစားသမား ၁၀ ဦးအထိ အတူလေ့ကျင့်တာနဲ့ ပုံမှန်အတိုင်း ကစားသမားအပြည့်အစုံနဲ့ လေ့ကျင့်တာတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။  ပရီးမီးယားလိဂ်က ကစားသမားတွေနဲ့ ဝန်ထမ်းတွေကိုလည်း ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမူတွေ ပြုလုပ်ခဲ့ပြီး ၈ ဦး ပိုးတွေ့ရှိခဲ့ပါတယ်။  ကနဦးစီစဉ်ထားမူအရ လာမယ့်ဇွန် ၁၂ ရက်မှာ ပရီးမီးယားလိဂ်ပြန်စဖို့ လျာထားပေမယ့် လက်ရှိအခြေအနေအရ ဇွန်လ အကုန်ရောက်မှ ကျင်းပနိုင်ဖို့ ရှိတယ်လို့ သိရပါတယ်။ 
9 months Ago
Up