အနီရောင်ဇုန်

August 16, 2021

ထိုင်းတွင် ကိုဗစ်-၁၉ အန္တရာယ်ရှိ အနီရောင်ဇုန်များကို ယခုလကုန်ထိ လော့ခ်ဒေါင်းကာလ တိုးမြှင့်

မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု အန္တရာယ်ရှိ အနီရောင်ဇုန်တွေကို အခုလကုန်ထိ လော့ခ်ဒေါင်းကာလ ထပ်မံတိုးမြှင့်လိုက်ပါတယ်။

ဝန်ကြီးချုပ် ပရာယွတ်ချန်းအိုချာ ပါဝင်တဲ့ ကိုဗစ်-၁၉ ရောဂါအခြေအနေ စီမံကွပ်ကဲရေးစင်တာ (စီစီအက်စ်အေ)က ခုလိုတိုးမြှင့်ကန့်သတ်လိုက်တာဖြစ်ပြီး ဘန်ကောက်နဲ့ တခြားခရိုင် ၂၈ ခုကို ရောဂါကူးစက်ခံရမှု အန္တရာယ်ရှိ အနီရောင်ဇုန်တွေအဖြစ် သတ်မှတ်ထားပါတယ်။

ဒါပေမဲ့ စီစီအက်စ်အေအနေနဲ့ ဈေးဝယ်စင်တာတွေထဲမှာ ဖွင့်လှစ်ထားတဲ့ ဘဏ်တွေကိုတော့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကန့်သတ်မှု စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဖွင့်လှစ်ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

လတ်တလော ကိုဗစ်-၁၉ ရောဂါကူးစက်မှုနဲ့ သေဆုံးမှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံတဝန်းမှာ တော့ ရောဂါကူးစက်ခံရသူပေါင်း ၉ သိန်းကျော်၊ သေဆုံးသူပေါင်း ၇,၀၀၀ ကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

2 months Ago

August 2, 2021

ထိုင်းတွင် လော့ခ်ဒေါင်းကာလ ၂ ပတ်ထပ်တိုး၊ ကိုဗစ်-၁၉ အန္တရာယ်ရှိ အနီရောင်ဇုန် ၂၉ ခုရှိလာ

မျိုးဗဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ လော့ခ်ဒေါင်းကာလကို နောက်ထပ် သီတင်းပါတ် ၂ ပတ် တိုးမြှင့်လိုက်ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု အန္တရာယ်ရှိ အနီရောင်ဇုံတွေအဖြစ် ခရိုင် ၂၉ ခုထိ တိုးလာနေပြီ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ပရာယွတ်ချန်းအိုချာ ပါဝင်တဲ့ ကိုဗစ်-၁၉ ရောဂါအခြေအနေ စီမံကွပ် ကဲရေးစင်တာ(စီစီအက်စ်အေ)က ခုလိုတိုးမြှင့်ကန့်သတ်လိုက်တာဖြစ်ပြီး ရောဂါကူးစက်မှု အခြေအနေပေါ် မူတည်ပြီး လာမယ့် ဩဂုတ် ၁၈ ရက်နေ့မှာ ထပ်မံပြီးတော့ စိစစ်သွားမယ်လို့ ဆိုပါတယ်။

ရောဂါကူးစက်ခံရမှု အန္တရာယ်ရှိ အနီရောင်ဇုန်တွေအဖြစ် အရင်က ၁၃ ခုသာရှိခဲ့ရာကနေ လတ်တလောမှာတော့ ဘန်ကောက်၊ ကန်ချနဘူရီ၊ ချွန်ဘူရီ၊ ပထုံဌာနီ၊ တာ့ခ်ခရိုင် တွေအပါအဝင် ခရိုင် ၂၉ ခုထိ တိုးလာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဈေးဝယ်စင်တာတွေထဲက စားသောက်ဆိုင်တွေမှာတော့ အိမ်အရောက်ပို့နဲ့ ပါဆယ်စနစ်တွေ ရောင်းချခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ စီစီအက်စ်အေအနေနဲ့ အခုနှစ်အတွင်း Pfizer ကိုဗစ်-၁၉ ကာ ကွယ်ဆေးသန်း ၃၀ ရရှိနိုင်ဖို့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

လတ်တလော ကိုဗစ်-၁၉ ရောဂါကူးစက်မှုနဲ့ သေဆုံးမှုတွေ မြင့်တက်နေတဲ့ ထိုင်း နိုင်ငံတဝန်းမှာတော့ ရောဂါကူးစက်ခံရသူပေါင်း ၆ သိန်းကျော်၊ သေဆုံးသူပေါင်း ၅,၀၀၀ နီးပါး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

3 months Ago
Up