ဝက်စ်ဘရွန်းအသင်းကို ရှုံးတဲ့ပွဲမှာ အနီကတ်နဲ့ အထုတ်ခံရတဲ့အပေါ် တာဝန်ယူကြောင်း မန်ယူ ကွင်းလယ်ကစားသမား မာတာက ပြောလိုက်ပါတယ်။
မာတာဟာ မတ်လ ၆ ရက်က ၀က်စ်ဘရွန်းနဲ့ပွဲစဉ်မှာ ၃ မိနစ်အတွင်း အ၀ါကတ် ၂ ကတ် အပြခံရပြီး အထုတ်ခံခဲ့ရတာပါ။
မန်ယူဟာ ပထမပိုင်း ၂၆ မိနစ်ကစပြီး တယောက်လျော့နဲ့ ယှဉ်ပြိုင်သွားရပါတယ်။
အပြစ်ပေးမခံရအောင် ရှောင်နိုင်ပါတယ်၊ အဲဒီအတွက် တာဝန်ယူပါတယ်လို့ စပိန် ကွင်းလယ်ကစားသမား မာတာက ပြောပါတယ်။
ပွဲပယ်ပြစ်ဒဏ် ကျခံရမှာဖြစ်လို့ မာတာဟာ လာမယ့် မတ်လ ၁၃ ရက်နေ့ ၀က်စ်ဟမ်းနဲ့ ကစားမယ့် အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။
5 years Ago