အနိုင်ရ (ရု်ပသံဟိုက်လိုက်)

October 19, 2019

ပီအက်စ်ဂျီက နိုက်စ်ကို ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ (ရု်ပသံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ် လီဂူး အမှတ်ပေးပြိုင်ပွဲမှာ နာမည်ကြီး ပီအက်စ်ဂျီအသင်းက အဝေးကွင်းမှာ နိုက်စ်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။  ပီအက်စ်ဂျီအတွက် အနိုင်ဂိုးတွေကို ဒီမာရီယာက ၂ ဂိုး၊ အမ်ဘာပေးက ၁ ဂိုးနဲ့ အိုင်ကာဒီက ၁ ဂိုး အသီးသီး သွင်းယူခဲ့ပါတယ်။  နိုက်စ်အသင်းက ဒုတိယပိုင်း မိနစ် ၇၀ ကျော်မှာ ၂ ယောက် အထုတ်ခံရပြီး ၉ ယောက်တည်းနဲ့ ယှဉ်ပြိုင်သွားရပါတယ်။ နိုက်စ်အတွက် တလုံးတည်းသော ချေပဂိုးကို ၆၇ မိနစ်မှာ သွင်းယူပါတယ်။  ဒီပွဲမှာ ပီအက်စ်ဂျီ တောင်ပံသမား ဒီမာရီယာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။ ဒီပွဲနိုင်တဲ့ ပီအက်စ်ဂျီက ပြသစ်လီဂူး အမှတ်ပေးဇယားမှာ ၂၄ မှတ်နဲ့ ဦးဆောင်နေပါတယ်။
2 years Ago
Up