မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိူက်တက်က ဘရိုက်တန်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ မန်ယူနိုက်တက် တိုက်စစ်ပိုင်းမှာ မာစီယယ်၊ ရပ်ဖို့ဒ်နဲ့ ဒယ်နီရယ်ဂျိမ်းတို့ ပွဲထွက်လာပြီး ကစားပုံလည်း ကောင်းခဲ့ပါတယ်။
ဦးဆောင်ဂိုးကို ၁၇ မိနစ်မှာ ပရဲရာက သွင်းယူပါတယ်။ ဒုတိယဂိုးကို ဘရိုက်တန် ကစားသမား ကိုယ့်ဂိုးကိုယ်သွင်းရာကနေ ရသွားပါတယ်။ ဘရိုက်တန်အတွက် ချေပဂိုးကို ၆၄ မိနစ်မှာ သွင်းယူပါတယ်။ ဒီပွဲမှာ မန်ယူက ဂိုးပေါက် ကန်သွင်းခွင့် ၁၁ ကြိမ်အထိ ရခဲ့ပြီး ဘရိုက်တန်က ၂ ကြိမ်ပဲ ရခဲ့ပါတယ်။
တတိယဂိုးကို ၆၆ မိနစ်မှာ တိုက်စစ်မှူး ရပ်ဖို့ဒ့်က သွင်းယူပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ကွင်းလယ်သမား ဖရက်ဒ်က ရရှိသွားပါတယ်။ ဒီပွဲနိုင်လို့ မန်ယူနိုက်တက်က အမှတ်ပေးဇယားမှာ အဆင့် ၇ နေရာအထိ တက်လှမ်းသွားပါတယ်။
3 years Ago