အနိုင်ရပြီး

November 3, 2019

အသင်းကြီးအားလုံး အနိုင်ရပြီး မန်ယူနိုက်တက် ရှုံးနိမ့် (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီမီးယားလိဂ်ပွဲစဉ်တွေထဲက အစောဆုံး ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်က အဝေးကွင်းမှာ ဘုန်းမောက်ကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။  ဘုန်းမောက်အတွက် အနိုင်ဂိုးကို ကင်းက သွင်းယူပါတယ်။ မန်ယူနိုက်တက်ဟာ နောက်ဆုံး ကစားထားတဲ့ ၃ ပွဲ ဆက်တိုက် အနိုင်ရထားတာကနေ ဒီပွဲမှာ ပြန်လည် ရှုံးနိမ့်သွားတာပါ။  အာဆင်နယ်အသင်းကတော့ အိမ်ကွင်းမှာ ဝု့စ်အသင်းနဲ့ ၁ ဂိုးစီ သရေကျသွားပါတယ်။ တိုက်စစ်မှူး အူဘာမီရန်းရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ပေမယ့် ၇၆ မိနစ်မှာ ချေပဂိုး ပြန်ပေးလိုက်ရပြီး သရေတမှတ်နဲ့ ကျေနပ်ခဲ့ရပါတယ်။  နာမည်ကြီး လီဗာပူးကတော့ အက်စတွန်ဗီလာကို နောက်ကနေ လိုက်ကစားပြီးမှ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲနိုင်လို့ အမှတ်ပေးဇယားထိပ်မှာ ၃၁ မှတ်နဲ့ ဒုတိယနေရာက မန်ချက်စတာစီးတီးကို ၆ မှတ် ဖြတ်ထားဆဲ ဖြစ်ပါတယ်။  အသင်းကြီးတသင်းဖြစ်တဲ့ မန်စီးတီးကလည်း အိမ်ကွင်းမှာ ဆောက်သမ်တန်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဆောက်သမ်တန်က ဦးဆောင်ဂိုးသွင်းတာ ခံရပြီးမှ မန်စီးတီးက နောက်ကနေ အနိုင်ဂိုးတွေကို သွင်းယူခဲ့တာပါ။  ချဲလ်ဆီးကတော့ အဝေးကွင်းမှာ ဝက်ဖို့ဒ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲနိုင်လို့ ချဲလ်ဆီးက အမှတ်ပေးဇယားရဲ့ တတိယနေရာကို တက်လှမ်းသွားပါတယ်။
2 years Ago
Up