အနိုင်ရ

August 28, 2022

စနေနေ့ပရီးမီးယားလိဂ်ပွဲစဉ်များတွင် လီဗာပူးအပါအဝင် အသင်းကြီးများအားလုံးအနိုင်ရ

စနေနေ့က ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ လီဗာပူးအပါအဝင်  အသင်းကြီးတွေအားလုံး နိုင်ပွဲကိုယ်စီ ရယူနိုင်ခဲ့ပါတယ်။

အစောဆုံးပွဲစဉ်ဖြစ်တဲ့ ဆောက်သမ်တန်နဲ့ မန်ယူအသင်းတို့ရဲ့ပွဲစဉ်မှာ မန်ယူအသင်းက ဘရူနိုဖာနန်ဒက်စ်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့  နှစ်ပွဲဆက်တိုက်နိုင်ပွဲပြန်ရခဲ့ပါတယ်။ 

အလားတူ ချဲလ်ဆီးကလည်း ပွဲချိန်မိနစ် ၆၀ကျော်ကို တစ်ယောက်လျော့နဲ့ ကစားခဲ့ရပေမဲ့ လက်စတာကို ၂ ဂိုး ၁ ဂိုးနဲ့ အိမ်ကွင်းမှာ နိုင်ပွဲရခဲ့တာပါ။ 

လီဗာပူးကတော့ တန်းတက်ဘုန်းမောက် အသင်းကို ၉ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်နိုင်ပြီး ဒီနှစ်ရာသီမှာ ပထမဆုံးနိုင်ပွဲရသွားသလို  မန်စီးတီးက ခရစ္စတယ်ပဲလေ့ကို ၄ ဂိုး  ၂ ဂိုးရလဒ်တွေနဲ့ အနိုင်ရခဲ့ပါတယ်။ 

စနေညနောက်ဆုံးပွဲစဉ်အဖြစ်ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ဖူဟမ်တို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ အာဆင်နယ်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ 

တနင်္ဂနွေနေ့မှာတော့ ကြီးခြောက်ကြီးစာရင်းဝင် အသင်းတစ်သင်းဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါး က နော်တင်ဟမ်ဖောရက်နဲ့  ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ 

7 months Ago

June 20, 2022

ကိုလံဘီယာရွေးကောက်ပွဲ လက်ဝဲဝါဒီနှင့် ပြောက်ကျားအဖွဲ့ဝင်ဟောင်း ပေထရို အနိုင်ရ

ကိုလံဘီယာနိုင်ငံမှာ ဇွန် ၁၉ ရက်က ကျင်းပခဲ့တဲ့  သမ္မတရွေးကောက်ပွဲမှာ လက်ဝဲဝါဒီ နဲ့ M-19 ပြောက်ကျားလှုပ်ရှားမှု အဖွဲ့ဝင်ဟောင်း ဂက်စ်တာဗို ပေထရိုက အနိုင်ရခဲ့ပါတယ်။

သူကတော့ တိုင်းပြည်သမိုင်းမှာ ပထမဆုံးအနေနဲ့ လေးနက်တဲ့ လူမှုရေး၊ စီးပွားရေး အပြောင်းအလဲတွေ လုပ်မယ်လို့ ကတိပြုခဲ့ပါတယ်။

သူဟာ ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီး ရိုဒေါဖှို ဟာနန်ဒက်ဇ်ကို မမျှော်လင့်ဘဲ မဲ ၇သိန်း ကျော် အသာနဲ့ အနိုင်ရခဲ့တာပါ။ 

နိုင်ငံတွင်း နက်ရှိုင်းတဲ့ မညီမျှမှုတွေကို တိုက်ဖျက်ရေး ပြည်သူတွေရဲ့ စိတ်အားထက်သန်မှုကို သရုပ်ပြတာလို့ အကဲခတ်တွေက ပြောပါတယ်။

ပေထရိုဟာ ဘိုကိုတာမြို့တော်ရဲ့ မြို့တော်ဝန်ဟောင်း ဖြစ်သလို လက်ရှိ အထက်လွှတ်တော် အမတ်ပါ။

အခမဲ့ တက္ကသိုလ် ပညာရေး၊ အငြိမ်းစားစနစ် ပြုပြင်ပြောင်းလဲရေးနဲ့ ထုတ်လုပ်ရေးလုပ်ငန်း မလုပ်နေတဲ့ မြေတွေအတွက် အခွန်မြှင့်ကောက်ရင်း မညီမျှမှုတွေကို တိုက်ဖျက်သွားမယ်လို့ သူက ကတိပြုထားပါတယ်။

သူဟာ မဲစုစုပေါင်းရဲ့ ၅၀ ဒသမ ၅ ရာခိုင်နှုန်းအနိုင်ရခဲ့ပြီး ဟာနန်ဒက်ဇ်ကတော့ ၄၇ ဒသမ ၃ ရာခိုင်နှုန်း ရခဲ့တာပါ။

လက်ရှိ ကန်ထရိုက်တွေကို လေးစားဖို့ ကတိပြုထားပေမဲ့ နောက်ထပ် ရေနံ စီမံကိန်း အသစ်တွေကို တားမြစ်ပိတ်ပင်ဖို့ အပါအဝင် ပေထရိုရဲ့ အဆိုပြုချက်တွေကြောင့် ရင်းနှီးမြှုပ်နှံသူတချို့ ထိတ်လန့်ခဲ့ပါတယ်။

ပြောင်းလဲမှုဟာ  ဂိုဏ်းဂဏစွဲဝါဒကို ချန်ထားခဲ့ဖို့ပါလို့ ပေထရိုက အားပေးထောက်ခံသူတွေကို ဘိုဂိုတာမြို့တော်က ဂီတ ဖျော်ဖြေပွဲစင်မြင့်ပေါ်ကနေ ပြောခဲ့ပါတယ်။

အသက် ၆၂ နှစ်အရွယ် ပေထရိုဟာ ပြောက်ကျားတွေနဲ့ ပတ်သက်မှုကြောင့် ထိန်းသိမ်းခံရတုန်းက စစ်တပ်ရဲ့ ညှဉ်းပန်းနှိပ်စက်တာကို ခံခဲ့ရဖူးပါတယ်။

သူ့ရဲ့ အောင်ပွဲဟာ အပြောင်းအလဲအတွက် အဆင့်မြင့် လက်နက်ကိုင် အရာရှိများကို တွန်းအားပေးနေခဲ့တယ်လို့ မီဒီယာတွေက ပြောပါတယ်။

ပေထရို ရဲ့ ရွေးကောက်ပွဲ အရွေးခံဖော်ဖြစ်သူ ဖရန်စီယာ မားကက်ဇ်ကတော့ တကိုယ်ရေမိခင်နှင့် အိမ်ထိန်းဖြစ်သူပါ။ 

သူဟာ နိုင်ငံရဲ့ ပထမဆုံးသော အာဖရိကန် ကိုလံဘီယာ ကပြား အမျိုးသမီး ဒုသမ္မတ ဖြစ်လာပါလိမ့်မယ်။

ပေထရိုက FARC သူပုန်တွေနဲ့ 2016 ငြိမ်းချမ်းရေးသဘောတူညီချက်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ ကတိပြုထားပြီး တက်ကြွနေဆဲ ELN ပြောက်ကျားတွေနဲ့ ဆွေးနွေးပွဲဖို့ ကတိပြုထားပါတယ်။

9 months Ago
More News
Up