အနိုင်မှတ်တမ်း

August 18, 2019

၁၀ နှစ်အတွင်း ရာသီအစ နှစ်ပွဲဆက် အနိုင်မှတ်တမ်း အာဆင်နယ် ပြန်လည်ရရှိ

ဘန်လေအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အာဆင်နယ်အသင်းကတော့ ၁၀ နှစ်တာအတွင်းမှာ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ရာသီအစ နှစ်ပွဲဆက် အနိုင်ရရှိတဲ့ မှတ်တမ်းကောင်း ပြန်လည်ရရှိခဲ့ပါတယ်။  ရီးလ်ရဲမက်ဒရစ်အသင်းကနေ အငှားလာရောက်ကစားနေတဲ့ စပိန်ကစားသမား စီဘာယောစ့်ရဲ့ ဖန်တီးပေးပို့မှု နှစ်ကြိမ်လုံးကနေ တိုက်စစ်မှူးနှစ်ဦးဖြစ်တဲ့ လာကာဇက်နဲ့ အူဘာမီယန်းတို့က အဆုံးသတ်ဂိုး သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး ဘန်လေအသင်းအတွက် ချေပဂိုးကိုတော့ ဘန်းစ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။  ပွဲစဉ်တခုလုံးအတွက် အကောင်းဆုံးကစားသမားဆုကိုတော့ စီဘာယော့စ်က ရရှိသွားခဲ့ပါတယ်။  အာဆင်နယ်ပရိသတ်တွေကတော့ ကစားသမားရဲ့ ခြေစွမ်းကို အားရကျေနပ်နေသလို တချိန်က အာဆင်နယ်ကစားသမားဟောင်း ဆန်တီကာဇိုလာကို အမှတ်ရစေခဲ့သူလို့ ချီးကျူးနေကြပါတယ်။  ရာသီအဖွင့်ပွဲတွေမှာ အမှတ်ပြည့် စုဆောင်းထားနိုင်တာကြောင့် ၁၀ စုနှစ်အတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ပိုင်းမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ၁၀ ႏွစ္အတြင္း ရာသီအစ ႏွစ္ပြဲဆက္ အႏိုင္မွတ္တမ္း အာဆင္နယ္ ျပန္လည္ရရွိ ဘန္ေလအသင္းကို ၂ ဂိုး ၁ ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ အာဆင္နယ္အသင္းကေတာ့ ၁၀ ႏွစ္တာအတြင္းမွာ ပထမဆုံးအႀကိမ္ ပရီးမီးယားလိဂ္ရာသီအစ ႏွစ္ပြဲဆက္ အႏိုင္ရရွိတဲ့ မွတ္တမ္းေကာင္း ျပန္လည္ရရွိခဲ့ပါတယ္။ ရီးလ္ရဲမက္ဒရစ္အသင္းကေန အငွားလာေရာက္ကစားေနတဲ့ စပိန္ကစားသမား စီဘာေယာစ့္ရဲ႕ ဖန္တီးေပးပို႔မႈ ႏွစ္ႀကိမ္လုံးကေန တိုက္စစ္မႉးႏွစ္ဦးျဖစ္တဲ့ လာကာဇက္နဲ႔ အူဘာမီယန္းတို႔က အဆုံးသတ္ဂိုး သြင္းယူေပးခဲ့ၾကတာ ျဖစ္ၿပီး ဘန္ေလအသင္းအတြက္ ေခ်ပဂိုးကိုေတာ့ ဘန္းစ္က သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။ ပြဲစဥ္တခုလုံးအတြက္ အေကာင္းဆုံးကစားသမားဆုကိုေတာ့ စီဘာေယာ့စ္က ရရွိသြားခဲ့ပါတယ္။ အာဆင္နယ္ပရိသတ္ေတြကေတာ့ ကစားသမားရဲ႕ ေျခစြမ္းကို အားရေက်နပ္ေနသလို တခ်ိန္က အာဆင္နယ္ကစားသမားေဟာင္း ဆန္တီကာဇိုလာကို အမွတ္ရေစခဲ့သူလို႔ ခ်ီးက်ဴးေနၾကပါတယ္။ ရာသီအဖြင့္ပြဲေတြမွာ အမွတ္ျပည့္ စုေဆာင္းထားႏိုင္တာေၾကာင့္ ၁၀ စုႏွစ္အတြင္း ပထမဆုံးအႀကိမ္ ပရီးမီးယားလိဂ္ အမွတ္ေပးဇယား ထိပ္ပိုင္းမွာ ရပ္တည္ႏိုင္ခဲ့ပါတယ္။
2 years Ago
Up