အနာမခံ

July 4, 2020

ကျနော်တို့အနေနဲ့ အနာမခံဘဲ အသာစံလို့မရပါဘူး - ဇီဒန်း

အနာမခံဘဲ အသာစံလို့ ရမှာမဟုတ်ကြောင်းနဲ့ အသင်းသားတွေအတွက် ဂုဏ်ယူမိတယ်လို့ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက ပြောကြားခဲ့ပါတယ်။  ဂီတာဖေးအသင်းကို ဇွန် ၂ ရက်နေ့က ခက်  ခက်ခဲခဲရင်ဆိုင်အနိုင်ယူပြီးနောက် အခုလိုမျိုးပြောဆိုခဲ့တာပါ။  ဒီပွဲမှာ ရီးရဲလ်အသင်းခေါင်းဆောင်ဆာဂျီယို  ရာမို့စ်က အသင်းအတွက် သူရဲကောင်းတဦးဖြစ်ခဲံပြီး အသင်းအတွက်တလုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၇၉ မိနစ်မှာ ပင်နယ်တီကနေတဆင့် သွင်းယူပေးခဲ့ပါတယ်။  ဒီနိုင်ပွဲဟာ ရီးရဲလ်အသင်းအတွက် ခြောက်ပွဲဆက်တိုက်အနိုင်ရလဒ်ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့်  ဇီဒန်းနဲ့အသင်းသားတွေဟာ လက်ရှိချန်ပီယံ ဘာစီလိုနာအသင်းကို ရာသီကုန်ဆုံးဖို့ ငါးပွဲသာ ကျန်တော့ချိန်မှာ  လေးမှတ်အထိ ဖြတ်လိုက်နိုင်ပါတယ်။ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ဇီဒန်းက သူ့အသင်းသားတွေ  ကို ချီးကျူးစကားပြောဆိုသွားခဲ့ပေမဲ့ အမှတ်ကွာဟချက်ကြောင့် ရဲးရဲလ်အသင်းရဲ့ခံယူချက်တွေဟာ ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ အခိုင်အမာပြောပါတယ်။  “နောက်ထပ်သုံးမှတ်ပေါ့။ တကယ်ကိုအရေးပါတဲ့သုံးမှတ်ပါပဲ။ ကျနော်တို့ အနိုင်ရရှိခဲ့ပြီး ဒါဟာ အများကြီးပြောင်းလဲသွားတဲ့သဘောမျိုး မဟုတ်ပါဘူး။ ကျနော်တို့အတွက် နောက်ထပ်ဗိုလ်လုပွဲ ငါးပွဲကစားဖို့ ကျန်ရှိနေဆဲပါပဲ။ ဆက်ပြီး ကြိုးစားရပါဦးမယ်။ အနိုင်ရလဒ်ကြောင့်ပျော်ရွှင်ပါတယ်။  အသင်းသားတွေအတွက် သူတို့ရဲ့ကြိုးစားမှု၊ စည်းလုံးညီညွတ်မှုတွေအတွက်လည်း ဂုဏ်ယူမိပါတယ်။ ဒါဟာ ဘောလုံးအားကစားပါ။ အမှတ်ပေးဇယားအောက်ခြေကအသင်းတွေနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး သူတို့ ဟာ ကျနော်တို့ကို အခက်အခဲဖြစ်စေခဲ့ပါတယ်။ ကျနော်တို့အနေနဲ့ အနာမခံဘဲ အသာစံလို့မရပါဘူး။”
10 months Ago
Up