အနာဂတ်လို

October 10, 2020

အာဏာမလိုဘဲ နိုင်ငံအတွက် အနာဂတ်လိုဟု ကာဂျစ်စတန်သမ္မတဟောင်း ပြော

အာဏာမလိုအပ်ဘဲ  နိုင်ငံ၊ မိသားစုနဲ့ ပြည်သူအတွက် အနာဂတ်ကို လိုအပ်တယ်လို့ ကာဂျစ်စတန်နိုင်ငံ သမ္မတဟောင်း ကာတမ်ဘာယက်က အောက်တိုဘာ ၉ ရက်မှာ ပြောဆိုခဲ့ပါတယ်။  သမ္မတ ဟောင်း အမ်မာ့စ်ဘက်ခ် ကာတမ်ဘာယက်က ထောက်ခံသူတွေကို မြို့တော် ဘစ်ရှက်ဖ်မှာ  မိန့်ခွန်းပြောကြားခဲ့တာပါ။ လက်ရှိ ကာဂျစ်စတန်သမ္မတ ဆိုရွန်ဘိုင်-ဂျင်းဘက်ခေါ့ဖ်က အောက်တိုဘာ ၉ ရက်မှာပဲ မြို့တော် ဘစ်ရှက်ဖ်မှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ပြီး  မငြိမ်သက်မှုတွေကို အဆုံးသတ်ဖို့ စစ်တပ်ကို ညွှန်ကြားခဲ့ပါတယ်။  ထိပ်တန်းအတိုက်အခံခေါင်းဆောင် နှစ်ဦးဟာ မဟာမိတ်ပြုဖို့ သဘောတူခဲ့ပြီး သမ္မတဟောင်း ကာတမ်ဘာယက်ရဲ့ ထောက်ခံမှုကို ရခဲ့ပါတယ်။  ဒါပေမဲ့လည်း သူတို့နောက်လိုက်တွေနဲ့ တခြားပါတီ ထောက်ခံသူတွေက လူထုစည်းဝေးပွဲ တွေ အပြိုင်လုပ်ခဲ့ပြီး ဒါဟာ အကြမ်းဖက်အန္တရာယ် ဖြစ်နိုင်တယ်လို့ နိုင်ငံရေးသမားတွေက သတိပေးကြပါတယ်။  လက်ရှိ သမ္မတ ဂျင်းဘက်ခေါ့ဖ် ထုတ်ပြန်တဲ့ အရေးပေါ်အခြေအနေမှာ ကာဖျူးနဲ့ တင်းကျပ်တဲ့ လုံခြုံရေးတားမြစ်ချက်တွေပါဝင်ပြီး အောက်တိုဘာ ၉ ရက် ည ၈ နာရီကနေ အောက်တိုဘာ ၂၁ ရက် မနက် ၈ နာရီအထိ အကျုံးဝင်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 
7 months Ago
Up