အနာဂတ်ကစားသမား

July 9, 2020

မန်စီးတီးနှင့် အင်္ဂလန်၏ အနာဂတ်ကစားသမားဟု ဖီးလ်ဖိုဒန်ကို ဖာဒီနန်ချီးကျူး

မန်စီးတီး လူငယ်ကစားသမား ဖီးလ်ဖိုဒန်ဟာ အင်္ဂလန်နဲ့ ကလပ်အသင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်လာလိမ့်မယ်လို့ ကစားသမားဟောင်း ဖာဒီနန်က ချီးကျူးလိုက်ပါတယ်။  အသက် ၂၀ ပဲ ရှိသေးတဲ့ မန်စီးတီးကွင်းလယ်ကစားသမား ဖိုဒန်ဟာ နယူးကာဆယ်ကို အနိုင်ရတဲ့ပွဲစဉ်မှာ ပွဲထွက်ကစားခဲ့ပြီး အဲဒီပွဲစဉ်ကို ဖာဒီနန်နဲ့ ဂျာမိန်း ဂျီးနပ်တို့က BT Sports ရုပ်သံကနေ သုံးသပ်တင်ဆက်ခဲ့ကြတာပါ။  ဖိုဒန်ဟာ နောက်ဆုံး ၁၇ ပွဲမှာ ၁၃ ဂိုးအထိ ပါဝင်ပတ်သက်ခဲ့ပြီး ခြေစွမ်းပြသနေတာပါ။ ဖိုဒန် မှာ ထူးခြားတဲ့ ပင်ကိုယ်ခြေစွမ်းရှိပြီး ဒီလိုကစားသမားမျိုးပေါ်ထွက်လာဖို့အတွက် အချိန်များစွာ စောင့်ဆိုင်းခဲ့ရတယ်လို့ ဖာဒီနန်ကချီးကျူးပါတယ်။  ဖီးလ်ဖိုဒန်ကို သော့ပြင်ဆရာလို့လည်း ဖာဒီနန်က နာမည် ပြောင်ပေးခဲ့ပြီး အင်္ဂလန်အသင်းရဲ့ ကစားကွက်ကို လမ်းဖွင့်ပေးမယ့်သူဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။ စပါးကစားသမားဟောင်း ဂျီးနပ်ကလည်း ထောက်ခံခဲ့ပြီး ဖိုဒန်ရဲ့ခြေစွမ်းကို ကြည့်ရတာ စိတ်လှုပ်ရှားစရာ ကောင်းပြီး အင်္ဂလန်အသင်းမှာ လိုအပ်နေတဲ့ ကစားသမားမျိုးဖြစ်တယ်လို့ သုံးသပ်ခဲ့ပါတယ်။ 
1 year Ago
Up