အနာဂတ်တွင် ရော်နယ်ဒိုထက် ဒီဘရိုင်း ပိုကောင်းလာနိုင်ဟု မန်စီးတီးအသင်းဖော် ပြော

October 23, 2017

အနာဂတ်တွင် ရော်နယ်ဒိုထက် ဒီဘရိုင်း ပိုကောင်းလာနိုင်ဟု မန်စီးတီးအသင်းဖော် ပြော

ကီဗင်ဒီဘရိုင်းအနေနဲ့ အနာဂတ်မှာ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ရော်နယ်ဒိုထက် ပိုကောင်းလာနိုင်တယ်လို့ အသင်းဖော် ဘရာနာဒို ဆေးလ်ဗားက ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုနဲ့ ဒီဘရိုင်းတို့ဟာ ထူးခြားတဲ့ စွမ်းရည်ရှိသူတွေဖြစ်ပြီး သူတို့နဲ့ တွဲဖက်ကစားရတာ အင်မတန် ကျေနပ်စရာကောင်းတယ်လို့ ဆိုပါတယ်။ ဒီဘရိုင်းဟာ သူ့ရဲ့ အလိမ်အခေါက်စွမ်းရည်နဲ့ ညာခြေကန်ချက်တွေက ပြိုင်ဘက်အသင်းတွေ ထိန်းရခက်စေတယ်လို့လည်း ဆိုပါတယ်။ ဒီဘရိုင်းဟာ လက်ရှိအချိန်မှာ မန်စီးတီးအသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြ ကစားနေခဲ့ပြီး တိုက်စစ်မှူးတွေ ဂိုးသွင်းယူနိုင်ဖို့ ကွင်းလယ်ကနေ အကောင်းဆုံး ဖန်တီးပေးပို့နေတဲ့ ကစားသမားသမားလည်း ဖြစ်ပါတယ်။ ဘရာနာဒိုဆေးလ်ဗားဟာ ပေါ်တူဂီလက်ရွေးစင်အသင်းမှာ ရော်နယ်ဒိုနဲ့ တွဲဖက်ကစားနေသလို ပြီးခဲ့တဲ့နှစ်က မိုနာကိုအသင်းကနေ မန်စီးတီးအသင်းကို ပေါင် ၄၃ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ဒီဘရိုင်းနဲ့ တွဲဖက်ကစားနေတာလည်း ဖြစ်ပါတယ်။
4 years Ago
Up