အနည်းဆုံး ၁ နှစ်

A d v e r t i s e m e n t With Us

April 9, 2020

ဒေါ့မွန်အသင်းတွင် ဆန်ချို အနည်းဆုံး ၁ နှစ် ဆက်ရှိမည်ဟု အသင်းဖော် မာကိုရုသုံးသပ်

ဒေါ့မွန် တောင်ပံကစားသမား ဂျော်ဒန်ဆန်ချိုအနေနဲ့ အသင်းမှာ အနည်းဆုံး ၁ နှစ် ဆက်ရှိ နေမယ်လို့ အသင်းဖော် မာကိုရုက ပြောပါတယ်။  အင်္ဂလန်လက်ရွေးစင်ဆန်ချိုဟာ အခုနှစ်ဘောလုံးရာသီမှာ ၁၄ ဂိုးသွင်း၊ ၁၆ ကြိမ် ဂိုးဖန်တီးမူပြုလုပ်ထားတာကြောင့် မန်ယူ၊ ချဲလ်ဆီး အစရှိတဲ့ အသင်းတွေက ခေါ်ယူလိုနေ တာပါ။  ဒေါ့မွန် အသင်းခေါင်းဆောင် မာကိုရုကတော့ ဆန်ချို့ဟာ ဒေါ့မွန်အသင်းမှာ အနည်းဆုံး ၁ နှစ် ဆက်ရှိနေမှာဖြစ်ပြီး ၂ နှစ်လောက်အထိ ဆက်ကစားလိမ့်မယ်လို့ ပြောပါတယ်။  ဆန်ချိုအနေနဲ့ ဒေါ့မွန်အသင်းမှာ ပုံမှန်ပွဲကစားခွင့်ရနေတာကြောင့် ခြေစွမ်းတိုး တက်လာအောင်ဆက် ကစားလို့ရပြီး နောက်ထပ် ၂ နှစ်လောက်ကြာမှ နောက်တဆင့် တက်ဖို့အတွက် အသင်းပြောင်းရွှေ့နိုင်တယ်လို့ မာကိုရုက သုံးသပ်ခဲ့ပါတယ်။ 
11 months Ago
Up