အနည်းဆုံး ၃၂ ဦး သေဆုံး

April 8, 2018

သူပုန်ထိန်းချုပ်ရာမြို့ကို ဆီးရီးယားတပ်ဖွဲ့ ထိုးစစ်ဆင်၊ အနည်းဆုံး ၃၂ ဦး သေဆုံး

ဆီးရီးယားအစိုးရတပ်ဖွဲ့ဟာ အရှေ့ဂိုတာဒေသက သူပုန်ထိန်းချုပ်ရာ နောက်ဆုံးမြို့ကို ဧပြီ ၆ ရက်နေ့က ပြင်းထန်တဲ့ ဝေဟင်နဲ့ မြေပြင် ထိုးစစ်ဆင်နွှဲခဲ့တာကြောင့် လူ ၃၂ ဦး အနည်းဆုံး သေဆုံးခဲ့ပါတယ်။ ဒီထိုးစစ်ဟာ ၂၀၁၆ ခုနှစ် နောက်ပိုင်း သမ္မတအာဆတ်ရဲ့ အကြီးမား ဆုံးအောင်ပွဲဖြစ်တယ်လို့ စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။ ဒိုမာမြို့မှာ ကလေးငယ် ၅ ဦး အပါအ၀င် ၃၂ ဦး သေဆုံးခဲ့ပြီး အဲဒီလေကြောင်း တိုက်ခိုက်မှုတွေကို ရုရှား တိုက်လေယာဉ်တွေ လုပ်ဆောင်ခဲ့ဖွယ်ရှိတယ်လို့ ဆီးရီးယား လူ့အခွင့် အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ အရှေ့ဂိုတာဒေသမှာ  ရှုံးနိမ့်ခဲ့တဲ့ သူပုန်အဖွဲ့တွေဟာ  တူရကီနယ်စပ်က သူတို့စခန်းတွေ ဆီသွားဖို့ သဘောတူခဲ့ပါတယ်။ ဒါကြောင့် ဒိုမာမြို့ကို ဆီးရီးယားအစိုးရတပ်တွေ အောင်ပွဲခံလိုက်တာဟာ ဆီးရီးယား အကြပ်အတည်းမှာ သမ္မတ အာဆတ်ကို မကျော်လွှား မအောင်နိုင်ဘူးဆိုတဲ့  အချက်ကို မီးမောင်းထိုးပြလိုက်တာလို့ ရိုက်တာသတင်းဌာနက သုံးသပ် အစီရင်ခံခဲ့ပါတယ်။
3 years Ago
Up