အနည်းဆုံး ၇ ဦး သေဆုံး

January 13, 2017

ဆီးရီးယားတွင် အသေခံဗုံးခွဲမှုကြောင့် အနည်းဆုံး ၇ ဦး သေဆုံး

ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်မှာ ဇန်န၀ါရီ ၁၂ ရက်နေ့က အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၇ ဦးသေဆုံးခဲ့ကြောင်း ဆီးရီးယားရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ အသေခံဗုံးခွဲသမားဟာ ကာဖ့်-ဆူဆာ-အရပ်မှာ အားဖြည့်ထားတဲ့ သ္မမတ အာဆဒ်ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဦးတည်တိုက်ခိုက်ခဲ့တာလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးအဖွဲ့ကတော့ ဒဏ်ရာရသူ အများအပြားရှိတဲ့အတွက် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ ဆိုပါတယ်။ ဆီးရီးယားအစိုးရရုပ်သံဌာနကတော့ ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့နေရာရှိ သွေးစက်တွေနဲ့ ကားအပျက်အစီးတွေကို ရိုက်ပြထားပြီး အဲဒီနေရာမှာ လုံခြုံရေးထူထပ်စွာ ထပ်ချထားတာကို ထုတ်လွှင့်ပြသခဲ့ကြောင်း ဒီကနေ့ရရှိတဲ့ ရိုက်တာသတင်းမှာ ကိုးကားဖော်ပြထားပါတယ်။
5 years Ago
Up