အနက်​ရောင်လှုပ်ရှားမှု

June 9, 2021

ကဗျာဆရာခက်သီကျဆုံးခြင်း ၁ လပြည့်​ ဝမ်းနည်းခြင်းအထိမ်းအမှတ် အနက်​ရောင်လှုပ်ရှားမှု

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့က ​ကျေးလက်​နေပြည်သူ စု​ပေါင်းသပိတ်စစ်​ကြောင်းဟာ ဒီ​နေ့ ဇွန်လ ၉ ရက်​နေ့က စစ်အာဏာရှင် အမြစ်ပြတ်ဖြုတ်ချ​ရေး သပိတ် ၉၁ ရက်​မြောက်​နေ့အဖြစ် ပြည်သူအင်အား ၂,၀၀၀ ခန့် ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။ 

ဒီက​နေ့ ဆန္ဒ​ဖော်ထုတ်ရာမှာ စစ်အာဏာရှင်​​တော်လှန်​ရေး ကြွေး​ကြော်သံတွေနဲ့ လမ်း​လျှောက်ဆန္ဒပြခဲ့ကြသလို စစ်တပ်ရဲ့လက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲ​ကောင်း ကဗျာဆရာ ခက်သီ ကျဆုံးခြင်း ၁ လပြည့်​ အထိမ်းအမှတ်အ​ဖြစ် အနက်​ရောင်လှုပ်ရှားမှုကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီ​​နောက် ဆန္ဒပြပြည်သူတွေက ကဗျာဆရာ ခက်သီအတွက် အမှတ်ရကဗျာတွေ ဂုဏ်ပြုရွတ်ဖတ်ခဲ့ကြသလို ကျဆုံးအာဇာနည်သူရဲ​ကောင်းတွေအတွက် ဆု​တောင်းခဲ့ကြတာပါ။

ကဗျာဆရာ ခက်သီ(အမည်ရင်း ဦး​ဇော်ထွန်း) အသက် (၄၅) နှစ်ဟာ ပုလဲမြို့ ဇာတိဖြစ်ပြီး စစ်အာဏာရှင်​တော်လှန်​ရေးလှုပ်ရှားမှု​အတွင်း  ​ရွှေဘိုမြို့မှာ ရှောင်တိမ်း​နေစဉ် မေလ ၈ ရက်​နေ့က အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခံခဲ့ရပြီး ​မေလ ၉ ရက်​နေ့မှာ ကျဆုံးခဲ့ရတာ ဖြစ်ပါတယ်။

7 months Ago
Up