စပါးအသင်းဟာ အသင်းရဲ့အဓိက ကစားသမား ၄ ဦးကို ရောင်းချဖို့ အဆင်သင့် ဖြစ်နေတယ်လို့ သိရပါတယ်။
စပါးအသင်းဟာ နောက်ခံလူတွေဖြစ်တဲ့ ဒယ်နီရို့စ်၊ အန်ဒါဝီယယ်၊ ကွင်းလယ်ကစားသမား တွေဖြစ်တဲ့ ဒမ်ဘီလီနဲ့ဗစ်တာဝမ်ယာမာ တို့ကို ရောင်းချဖို့ဆုံးဖြတ်ထားတာပါ။
ဒီကစားသမားလေးဦးကနေ ပေါင်သန်း ၁၇၀ လောက် ပြောင်းရွှေ့ကြေးရဖို့ စပါးအသင်းက မျှော်လင့်ထားပါတယ်။
စပါးအသင်းမှာ လူငယ်ကစားသမားတွေဖြစ်တဲ့ ထရစ်ပီယာ၊ ဟယ်ရီဝင့်ခ်၊ တွန်ဒေးဗီးစ် စတဲ့ ကစားသမားတွေဟာလည်း ခြေစွမ်းတိုးတက်လာတာကြောင့် အသင်းရဲ့ စီနီယာ ကစားသမားတွေကို ရောင်းချဖို့ ပြင်ဆင်ထားတာလို့ သိရပါတယ်။
3 years Ago