အဓိကတိုက်စစ်မှူးများ ဒဏ်ရာရနေ၍ မန်ယူ အခက်တွေ့

March 13, 2017

အဓိကတိုက်စစ်မှူးများ ဒဏ်ရာရနေ၍ မန်ယူ အခက်တွေ့

ချဲလ်ဆီးအသင်းနဲ့ကစားမယ့် မန်ယူအသင်းမှာ အဓိကတိုက်စစ်မှူးတွေ ဒဏ်ရာရနေလို့ အခက်အခဲ ဖြစ်နေပါတယ်။ မန်ယူနဲ့ ချဲလ်ဆီးအသင်းတို့ဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဒီကနေ့ည ယှဉ်ပြိုင်ကစားကြမှာပါ။ မန်ယူအသင်းမှာ အမာခံတိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်သလို ရွန်နီ၊ ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့လည်း ဒဏ်ရာပြဿနာတွေကြောင့် ချဲလ်ဆီးနဲ့ကစားမယ့် လန်ဒန်မြို့ကို လိုက်ပါနိုင်ခြင်းမရှိပါဘူး။ တိုက်စစ်မှူးတွေ ဒဏ်ရာရနေတာကြောင့် ကွင်းလယ်ကစားသမား ဖယ်လိုင်နီကို တိုက်စစ်မှူးအဖြစ်ကစားဖို့ နည်းပြမော်ရင်ဟိုက ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
5 years Ago
Up