အဓမ္မပြုကျင့်သူကို ရုံးထုတ်

February 23, 2017

မွေးစားထားသည့် ကလေးငယ် ၄ ဦးအား အဓမ္မပြုကျင့်သူကို ရုံးထုတ်

ဗိုလ်တထောင်မြို့နယ်ရှိ နေအိမ်တအိမ်မှာ ခေါ်ယူမွေးစားထားတဲ့ အသက် ၇ နှစ်အောက် မိန်းကလေး ၄ ဦးအား အဓမ္မပြုကျင့်ခဲ့သူကို အရှေ့ပိုင်း ခရိုင်တရားရုံးမှာ ပထမအကြိမ် ရုံးထုတ် စစ်ဆေးမှာ ဖြစ်ပါတယ်။ ပြစ်မှု ကျူးလွန်သူ လှမိုး(ခ)နီတွတ်ကို ဗိုလ်တထောင်ရဲစခန်းက ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၃၇၆ နဲ့ အမှုဖွင့်စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်ကြောင်း လှမိုးက ဝန်ခံထားပါတယ်။ အဓမ္မပြုကျင့်ခံရတဲ့ ကလေးငယ်လေးဦးမှာ အသက် ၇ နှစ် အရွယ်တစ်ဦး၊ အသက် ၅ နှစ်အရွယ်နှစ်ဦး၊ အသက် ၃ နှစ်ခန့် အရွယ်တစ်ဦးတို့ ဖြစ်ပြီး  ကလေးငယ်တွေကို မွေးစားတဲ့ အမျိုးသမီးရဲ့ ယာဉ်မောင်း လှမိုး(ခ)နီတွတ်က အဓမ္မပြုကျင့်ခဲ့တာဖြစ်ပါတယ်။ ဗိုလ်တထောင်မြို့နယ် လမ်းသွယ်(၂)ရှိ တိုက်ခန်းတခန်းမှာ နေထိုင်တဲ့ ပိုင်ရှင် ဒေါ်ခမ်း ဆိုတဲ့အမျိုးသမီးတဦးက အသက် ၃ နှစ်ကနေ ၇ နှစ်အရွယ်ကြားရှိ မိန်းကလေး ၄ ဦးနဲ့ အသက် ၁၁ နှစ်နဲ့ အသက် ၅ နှစ်အရွယ် ယောက်ျားလေး ၃ ဦးကို မွေးစားထားရာ ကလေးငယ်တွေကို ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့အတွက် ရပ်ကွက်နေပြည်သူတွေက သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။ သတင်း-စိုးယုဇော်
4 years Ago
Up