ယီမင်နိုင်ငံမှာ အသက် ၁ဝ နှစ်အရွယ် ယောက်ျားလေးတဦးကို မြှူဆွယ်ဖြားယောင်း အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ အမျိုးသား ၃ ဦးကို သေနတ်နဲ့ပစ်သတ်ဖို့ ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ မေရာသတင်းမှာ သြဂုတ် ၉ ရက်နေ့က ဖော်ပြပါတယ်။
အဲဒီတရားခံ ၃ ဦးကို အများနဲ့ဆိုင်တဲ့ ရင်ပြင်တခုမှာ သက်ဆိုင်ရာက သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး အလောင်းတွေကိုတော့ ကရိန်းနဲ့ချိတ်ဆွဲ ပြသခဲ့ပါတယ်။
တရားခံ ၃ ဦးမှာ အသက် ၁၉ နှစ်အရွယ် ၂ ဦးနဲ့ အသက် ၂၇ နှစ်အရွယ် တဦးတို့ ဖြစ်ကြပြီး သူတို့ဟာ ၁ဝ နှစ်သားကလေးငယ်ကို ဖြားယောင်း အဓမ္မပြုကျင့်ခဲ့ပြီးနောက် သတ်ပစ်ခဲ့ကြကာ လူမနေတဲ့ အိမ်တလုံးတွင်း စွန့်ပစ်ထားခဲ့ကြတာဖြစ်တယ်လို့ အရှေ့အလယ်ပိုင်း သတင်းအစီရင်ခံစာတွေမှာ ဖော်ပြပါတယ်။
သူတို့ ၃ ဦးကို လက်မရွံ့ သေနတ်သမားအုပ်စုက သေနတ်နဲ့ပစ်သတ်ကာ ခုလို အများမြင်ကွင်းမှာ အလောင်းတွေကို ချိတ်ဆွဲပြသခဲ့တာလို့ ဆိုပါတယ်။
သွေးပျက်ထိတ်လန့်စရာ ဓာတ်ပုံတွေထဲမှာတော့ တရားခံ ၃ ဦးဟာ အပြာရောင် ဝတ်စုံတွေ ဝတ်ဆင်ထားကြပြီး ယီမင်မြို့လယ်ခေါင်မှာ အလောင်းတွေကို တွဲလောင်း ချိတ်ဆွဲထားတာ တွေ့ရပါတယ်။
သတင်းအစီရင်ခံစာမှာတော့ သူတို့ရဲ့နှလုံးကို ၅ ကြိမ် ပစ်ခံခဲ့ရပြီး တခြားသူတွေကို အလားတူ ပြစ်မှုကျူးလွန်ရင် ခုလိုပဲ အပြစ်ဒဏ်ခံရမှာ ဆိုတာကို သတိပေးထားတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလက ဖြစ်ခဲ့တာဖြစ်ပြီး တရားခံတွေက ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုချိန်မှာ ခုလို ပြစ်ဒဏ်ချမှတ်လိုက်တာပါ။
ကလေးငယ်ဟာ အဖွားအိမ်ကိုအပြန် ကျောင်းတကျောင်းအနီးမှာ ဖြားယောင်း အဓမ္မပြုကျင့် သတ်ဖြတ်ခံရတာဖြစ်ပြီး အလောင်းကိုတော့ ၄ ရက်အကြာမှ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
ယီမင်နိုင်ငံရဲ့ တရားဝင်ဥပဒေအရ လူသတ်မှုကျူးလွန်သူတွေကို သေနတ်နဲ့ ပစ်သတ်တာ၊ ချိတ်ဆွဲပြသတာ၊ ခေါင်းဖြတ်အပြစ်ပေးတာမျိုးတွေ ခွင့်ပြုထားတာ ဖြစ်ပါတယ်။
5 years Ago