အဓမ္မပြုကျင့်မှု

A d v e r t i s e m e n t With Us

February 8, 2019

ဆီရီယာလီယွန်တွင် အဓမ္မပြုကျင့်မှုများကြောင့် အမျိုးသားအဆင့် အရေးပေါ်အခြေအနေ ကြေညာ

ဆီရီယာလီယွန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အဓမ္မပြုကျင့်မှုတွေနဲ့ ပတ်သက်လို့ သမ္မတ ဂျူးလီးယပ်စ် မာဒါဘိုင်အိုက ဖေဖော်ဝါရီ ၇ ရက်နေ့မှာ အမျိုးသားအဆင့် အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။ ဒါ့အပြင် ကလေးငယ်တွေအပေါ် လိင်ပိုင်းပြစ်မှု ကျူးလွန်သူတွေဟာ တသက်တကျွန်း ပြစ်ဒဏ် ကျခံရမယ်လို့ သမ္မတ ဂျူးလီးယပ်စ်က ပြောကြားလိုက်ပါတယ်။ ဆီရီယာလီယွန်ရဲတပ်ဖွဲ့ ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ မနှစ်က လိင်နဲ့ ကျား-မ အခြေပြု အကြမ်းဖက်မှုပေါင်း ၈,၅၀၀ ကျော်ရှိပြီး နှစ်ဆနီးပါး မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ သုံးပုံတပုံဟာ ကလေးငယ်တွေအပေါ် ကျူးလွန်တာဖြစ်ပါတယ်။ ဆီရီယာလီယွန်မှာ ကျား-မအခြေပြု အကြမ်းဖက်မှုကို ရှက်စရာ အကြောင်းအရာတခုလို သတ်မှတ်ပြီး ထုတ်ဖော်ပြောဆိုတာမျိုး ရှောင်ကြပါတယ်။ လွန်ခဲ့တဲ့ ၁၂ နှစ်က လွှတ်တော်ကနေ ကျား-မ တန်းတူညီမျှမှု ဥပဒေကို ပထမဆုံးအကြိမ် ပြဋ္ဌာန်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း သမ္မတကတော် ဖာတီမာဘိုင်အို ဦးဆောင်ပြီး အမျိုးသမီးငယ်တွေအပေါ် အကြမ်းဖက်မှုတွေကို အသိပညာပေးတာတွေ တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။
2 years Ago

July 11, 2018

အုပ်စုလိုက် အဓမ္မပြုကျင့်မှုအတွက် သေဒဏ်ပေးခံရသူများ၏ အယူခံ အိန္ဒိယတရားရုံးချုပ် ပယ်ချ

အိန္ဒိယတရားရုံးချုပ်က ၂၀၁၂ အုပ်စုလိုက် အဓမ္မပြုကျင့်မှုအတွက် သေဒဏ်ပေးခံရသူတွေရဲ့ အယူခံကို ၂၀၁၈ ဇူလိုင် ၉ ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။ အမှုက ၆ နှစ်ကြာ နှောင့်နှေးနေပေမယ့် နီယာဘာယာဆိုသူ သေဆုံးသူ အမျိုးသမီးရဲ့ မိခင်က တရားမျှတမှုအတွက် တရားရုံးချုပ်ကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။ သူတို့ကို ကြိုးပေး မသတ်သေးမချင်း နီယာဘာယာနဲ့ တခြားမိန်းကလေးတွေအတွက် တရားမျှတမှု ရဦးမှာမဟုတ်ဘူး၊ ဒီနိုင်ငံမှာ နီယာဘာယာသာမက တခြားမိန်းကလေးတွေပါ တရားမျှတမှုကို ရသင့်တယ်လို့ မိခင်ဖြစ်သူ အာရှာဒေဝီက ပြောပါတယ်။ ဗီနေ ရှာမာ၊ ပါဝမ် ဂုပ္ပတားနဲ့ မူခက်ရှ် ဆင်းဂ်တို့ဟာ မနှစ်က တရားရုံးချုပ်မှာ အသနားခံလွှာ တင်ခဲ့တာပါ။ လေးယောက်မြောက်တရားခံ အက္ခရှေ ထာကူရ်ရဲ့ အသနားခံလွှာကို လာမယ့် သီတင်းပတ်မှာ တရားရုံးက သုံးသပ်မှာ ဖြစ်ပါတယ်။
3 years Ago
More News
Up