အဓမ္မပြုကျင့်

December 13, 2018

ရမ်းဗြဲကျောင်းဆရာမအား အဓမ္မပြုကျင့်သတ်ခဲ့သည့် တရားခံထွက်ဆိုချက် ရဲထုတ်ပြန်

ရမ်းဗြဲက ကျောင်းဆရာမ အသတ်ခံရတာဟာ ရည်းစားစကားလိုက်ပြောတာကို လက်မခံလို့ ထိုးကြိတ် အဓမ္မပြုကျင့်ပြီး သတ်ပစ်တာဖြစ်ကြောင်း ပြစ်မှုကျူးလွန်သူက ထွက်ဆိုတယ်လို့ ရဲဇာနည်သတင်းမှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်က ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ တောင်ရွာကျေးရွာကျောင်းက ကျောင်းဆရာမ တဦးဟာ  အချွန်ပြင်ကျေးရွာအနီး ကားလမ်းမဘေးရှိ ချောက်ထဲမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။ တိုင်တန်းချက်အရ လေးတောင်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် စုံစမ်းခဲ့ရာမှာ မသင်္ကာတရားခံ မာန်အောင်မြို့နယ်၊ နတ်ပြင်ကျေးရွာနေ ရွှေထူး(ခ)အေးချမ်းကို ဖမ်းစစ်ဆေးခဲ့ပြီးတဲ့နောက် အခုလို ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ရွှေထူး(ခ)အေးချမ်းက ဆရာမကို ရည်းစားစကား ၃ ကြိမ်လောက်ပြောဆိုခဲ့ပေမယ့်  လက်မခံခဲ့ဘူးလို့ဆိုပါတယ်။ အခင်းဖြစ်နေ့မှာလည်း ဆရာမ ကျောင်းကိုသွားတဲ့ လမ်းဖြစ်တဲ့ စေရင်းကျေးရွာနဲ့ (၂) ဖာလုံလောက်အကွာ ဓနိတောက စောင့်နေတုန်း  ဆရာမ တဦးတည်း လမ်းလျှောက်လာတာကိုတွေ့လို့ ရည်းစားစကားထပ်မံပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဆရာမ က လက်မခံဘဲ ပါးတချက်ပြန်ရိုက်ခဲ့လို့ စိတ်ဆိုးပြီး ဆရာမရဲ့ မျက်နှာကို လက်သီးနဲ့ ထိုးလိုက်ရာ ဆရာမဟာ လမ်းဘေး ချောက်ထဲ ပြုတ်ကျသွားချိန် ရွှေထူး(ခ)အေးချမ်း က အဓမ္မပြုကျင့်ပြီး လည်ပင်းညှစ်သတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဆရာမရဲ့ ရွှေနားကပ်တရံ၊ လက်ကိုင်ဖုန်းတလုံးတို့ကိုလည်း ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး သက်သေခံပစ္စည်းတွေသိမ်းဆည်းကာ ရွှေထူး(ခ)အေးချမ်း ကို  ရာဇသတ်ကြီးပုဒ်မ-၃၀၂/၃၉၄/၃၇၆ အရပြောင်းလဲစစ်ဆေးနေတယ်လို့ ရဲဇာနည်သတင်းမှာ ဖော်ပြပါတယ်။
3 years Ago

November 9, 2018

အွန်လိုင်းမှတဆင့် ကလေးများအား ဖြားယောင်း အဓမ္မကျင့်သည့် ထိုင်းဂေးစစ်သား ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ခွန်ကရန်ဒေသတွင်းမှာ အသက်မပြည့်သေးတဲ့ ယောက်ျားလေး ၇၅ ယောက်ကို အဓမ္မပြုကျင့်မှုနဲ့ အိပ်ခ်ျအိုင်ဗွီပိုးရှိနေတဲ့ ထိုင်းဂေးစစ်သားတဦးကို ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ နိုဝင်ဘာ ၈ ရက်နေ့က ဖော်ပြပါတယ်။ အသက် ၄၃ နှစ်အရွယ် ထိုင်းစစ်သား ဂျက်ကရစ်ခုန်မ်ဆင်းဟာ ဂေးဒိတ်တင်း အပလီကေးရှင်းတခုဖြစ်တဲ့ Blued ကတဆင့် ယောက်ျားလေးတွေကို ဆွဲဆောင်သိမ်းသွင်းခဲ့တာ ဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ပုံမဟုတ်တဲ့ ချောမောတဲ့ အမျိုးသားဓာတ်ပုံတွေ တင်ထားပြီး ဆွဲဆောင်ခဲ့ကာ ယောက်ျားလေးတွေရဲ့ ကိုယ်ရေးကိုယ်တာပုံတွေကို ပြခိုင်းခဲ့ပြီးနောက် အဆင်ပြေရင် ချိန်းချက်မှုပြုတာမျိုး ဖြစ်ပါတယ်။ အပြင်မှာ တွေ့ချိန်မှာတော့ သူ့ရဲ့ပုံမဟုတ်ပေမယ့် ကလေးတွေကို သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံတွေနဲ့ ခြိမ်းခြောက်ကာ သူ့ရဲ့ကားပေါ်မှာ လိင်ပိုင်းအဓမ္မ ကျူးလွန်မှုတွေ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဂျက်ကရစ်ခုန်မ်ဆင်းကို သူ့ရဲ့နေအိမ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျူရိုမှ ဗိုလ်မှူးကြီး ဆူရာချိတ် ဟက်ခ်ပန်က ပြောပါတယ်။ “တရားခံဟာ ၂၀၀၉ ခုနှစ်လောက်ကတည်းက အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံခဲ့ရတာဖြစ်ပြီး ဆေးကုသမှု ခံနေရသူပါ။ လွန်ခဲ့တဲ့ ၈ လလောက်ကတော့ ခွန်ကရန်ဒေသကို ပြောင်းရွှေ့ခံခဲ့ရတာပါ။ သူကျူးလွန်ခဲ့တဲ့ ပြစ်မှုမှတ်တမ်းတွေလည်း ရှိပါတယ်။ ကလေးစုစုပေါင်း ၇၅ ယောက်ရှိပြီး သူတို့ဟာ ထိုင်းခရိုင်အသီးသီးက ဖြစ်ကြပါတယ်။” ဆွဲဆောင်သိမ်းသွင်းခံခဲ့ရတဲ့ ယောက်ျားလေးတွေဟာ အသက် ၁၅ နှစ်နဲ့အောက် အရွယ်မရောက်သေးသူတွေ ဖြစ်ကြပြီး ဂျက်ကရစ်ခုန်မ်ဆင်းအား အသက်မပြည့်သေးသူကို မလျော်ကန်တဲ့နည်းလမ်းနဲ့ ဆွဲဆောင်မှု၊ ဓမ္မတာနဲ့ဆန့်ကျင်ပြီး အဓမ္မပြုကျင့်မှုတွေနဲ့ စစ်ဆေး အရေးယူသွားမှာဖြစ်ပြီး လက်ရှိမှာတော့ သူ့ကို စစ်တပ်က ထုတ်ပယ်ပစ်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
3 years Ago
More News
Up