အဓမ္မကျင့်

June 28, 2018

၈ နှစ်​အရွယ်​ကျောင်းသူကို ပ​ထွေးဖြစ်​သူက အဓမ္မပြုကျင့်

တနင်္သာရီတိုင်း၊ မော​တောင်​မြို့အနီး သိန်​ခွန်းကျေးရွာအုပ်​စု အမှတ်​(၈)​ကျေးရွာနဲ့ တစ်​မိုင်​ခွဲလောက်ဝေးတဲ့​​ ​တောင်​ယာစိုက်​ခင်း​နေအိမ်​မှာ ၈နှစ်အရွယ် ကျောင်းသူကို ပထွေးက အဓမ္မပြုကျင့်မှုနဲ့ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ဇွန်​လ ၁၈ ရက်​ မနက်ပိုင်းက မိခင်​ဖြစ်​သူ ဈေးဝယ်​ဖို့အတွက်​ ၈ နှစ်​အရွယ် ​ဒုတိယတန်း ​ကျောင်းသူနဲ့ ၅ နှစ်​အရွယ်​ မူကြိုတန်း ကျောင်းသူ ၂ ​ဦးကို​ နောက်​အိမ်​​ထောင်​ဖြစ်​သူ ဦး​ကျော်​သန်းနဲ့ အတူထားခဲ့စဉ် အခင်းဖြစ်ပွားခဲ့တာပါ။ မိခင်ဖြစ်သူက ဈေးဝယ်အပြီး နေအိမ်ကို ပြန်ရောက်ချိန် သမီးအကြီးဖြစ်​သူမှာ အိပ်​ယာထဲ အိပ်​​နေလို့ သွားနှိုးရာ သမီးအငယ်က​​ ပ​ထွေးဖြစ်​သူက အမကြီးကို အဓမ္မပြုကျင့်ကြောင်း မိခင်ကို ပြောပြခဲ့ပါတယ်။ မိခင်​က ပ​ထွေးဖြစ်​သူ မရှိခိုက် သမီးကြီးကို မေးမြန်းရာမှာ ပထွေးဖြစ်သူရဲ့ အဓမ္မပြုကျင့်ခံခဲ့ရကြောင်းနဲ့ မိ​ခင်​အားပြန်​​ပြောရင် သတ်​ပြစ်​မယ်လို့  ပထွေးဖြစ်သူက ခြိမ်းခြောက်ခဲ့တယ်လို့လည်းဆိုပါတယ်။ ပထွေးဖြစ်သူ ဦးကျော်သန်းဟာ ညနေ ၅ နာရီလောက်မှာ ရွာထဲရှိ နေအိမ်ကိုပြန်လာပြီး ​ ရန်ရှာမှာစိုးလို့ ​တောင်​ယာ စိုက်​ခင်း​နေအိမ်​ကို မပြန်​ရဲဘဲ ရွာထဲမှာ တပတ်လောက်နေအပြီး ​ကျေးရွာဒေသခံတွေက ဒီိကိစ္စ သိရှိသွားပြီး ​​နောက်​ထပ်​အလားတူ ဖြစ်​ရပ်​တွေ ဖြစ်​လာမှာ စိုးရိမ်တဲ့အတွက် ဇွန်​ ၂၇ ရက်​​ မနက်ပိုင်းမှာ​ မိခင်​ဖြစ်​သူ ​ဒေါ်သန်းရီက ​မော​တောင်​မြို့ ရဲစခန်းမှာအမှုဖွင့် တိုင်​တန်းခဲ့ပါတယ်။ ပ​ထွေးဖြစ်​သူ​ ဦးကျော်သန်းကတော့ ဒီကိစ္စ မဟုတ်​မမှန်​​ကြောင်း ပြန်လည်ငြင်းဆို ထားပါတယ်။ မောတောင်ရဲစခန်းက ဦးကျော်သန်းကို တောင်ယာစိုက်ခင်းနေအိမ်ကနေ ဖမ်းဆီးပြီး ရာဇသတ်ကြီးပုဒ်မ-၃၇၆နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ​မော​တောင်​မြို့ ရဲစခန်း စခန်းမှူး ဒုရဲအုပ်​ ဦးဝင်းလှိုင်​ထံက သိရပါတယ်။
3 years Ago

February 4, 2018

စာသင်ကျောင်းတွင်း အထွေထွေလုပ်သားက ၅ တန်းကျောင်းသူကို အဓမ္မကျင့်

မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ်၊ ဆားတောင်ကျေးရွာမှာ ဇန်နဝါရီ ၃၁ ရက်က အသက် ၅၁ နှစ်အရွယ် စာသင်ကျောင်း အထွေထွေလုပ်သားက ၅ တန်းကျောင်းသူကို အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ ရဲက ပြောပါတယ်။ ဖြစ်စဉ်မှာ မင်းလှမြို့နယ် ဆားတောင်ကျေးရွာက ၅ တန်းကျောင်းသူလေးဟာ ငိုယိုပြီး နေအိမ်ကိုပြန်လာတဲ့အတွက် မိဘများကမေးမြန်းရာ ဆားတောင်ကျေးရွာ အလက(ခွဲ)က ကျောင်း အထွေထွေလုပ်သား ဦးအောင်ဆန်းက ကလေးမလေး ထမင်းစားကျောင်းဆင်းပြီး ကျောင်းပြန်တက်ချိန် စာသင်ကျောင်းတံခါးပိတ်ပြီး အဓမ္မပြုကျင့်ခဲ့တာလို့ ဒုရဲမှူး မျိုးမြင့်ဦးက ပြောပါတယ်။ "ကောင်မလေးက ငါးတန်းကျောင်းသူ နာမည်မ........သူက နေ့လယ်ထမင်းစားကျောင်းဆင်းပြီး၊ အိမ်မှာ ထမင်းစားပြီးတော့၊ ကျောင်းကိုပြန်သွားတယ်။ သူ့အတန်းဖော်တစ်ယောက်ရယ်၊ ၆ တန်းတက်နေတဲ့ ဦးလေးတော်သူတစ်ယောက်ရယ်၊ သူတို့ ၃ ယောက်ကျောင်းကို သွားတယ်၊ ကျောင်းမှာ ဘယ်သူမှ မရောက်သေးဘူး။ ၂ ယောက်က အပြင်မှာ ကျန်ခဲတယ် မ.........က တံခါးဖွင့်ထားတော့ ကျောင်းခန်းထဲကို ဝင်သွားတယ်။ အထဲရောက်တော့ ကျောင်းလုပ်သား ဦးအောင်ဆန်း ၅၁ နှစ်က သူ့ကိုဆံပင်ဖြူ နုတ်ခိုင်းတယ်။ ဆံပင်ဖြူနုတ်ခိုင်းပြီး တံခါးမကြီးပိတ်ခိုင်းတယ်။ တံခါးမကြီးပိတ်ပြီးတော့ KG တန်းဘက် ခေါ်သွားပြီး သားမယား အဖြစ် တကြိမ်ပြုကျင့်ခံခဲ့ရတယ်။” ဖြစ်စဉ်ကို ကလေးမက ကျောင်းဆင်း အိမ်ပြန်ရောက်မှ မိခင်အားပြောပြတဲ့အတွက် ရဲစခန်းကို အမှုလာတိုင်တာဖြစ်ပြီး မုဒိန်းမှု ကျူးလွန်ခြင်းရှိမရှိ မင်းလှပြည်သူ့ဆေးရုံမှာ ဆေးစာပို့ပြီး ဓာတုဗေဒရုံးကိုလည်း ဆေးစာ ဆက်လက်ပို့ဆောင်းသွားမယ်လို့ ဆိုပါတယ်။ မင်းလှမြို့မရဲစခန်းက ဦးအောင်ဆန်းကို ဖမ်းဆီးပြီး မုဒိန်းမှု ရာဇသတ်ကြီးပုဒ်မ-၃၇၆ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း-မင်းထီး
3 years Ago
Up