အဓမ္မကျင့်

A d v e r t i s e m e n t With Us

October 14, 2016

ဘီးတပ်ကုလားထိုင်အသုံးပြုနေရသည့် အမျိုးသမီးကို လူ ၆ ဦးက အုပ်စုဖွဲ့ အဓမ္မပြုကျင့်

ဆွီဒင်နိုင်ငံမှာ ဘီးတပ်ကုလားထိုင် အသုံးပြုနေရတဲ့ အမျိုးသမီးတဦးဟာ ဒုက္ခသည်ခိုလှုံရေးစင်တာ သန့်စင်ခန်းတခုထဲမှာ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ ဒေးလီးမေးလ်သတင်းမှာ အောက်တိုဘာ ၁၁ ရက်နေ့က ဖော်ပြပါတယ်။ အသက် ၃၀ အရွယ်ရှိ အဲဒီအမျိုးသမီးဟာ တခြားအမျိုးသားတဦးနဲ့အတူ အငှားယာဉ်တစီးကို စပ်တူငှားစီးခဲ့တာပါ။ သူတို့ဟာ ဆွီဒင်နိုင်ငံ၊ ဂေါ့တ်လဲန်းဒ်ကျွန်း၊ ဗစ်စ်ဘီမြို့ကို ဖြတ်သွားခဲ့ချိန်မှာ အမျိုးသမီးက အပေါ့အလေးသွားချင်တဲ့အတွက် ကားကိုရပ်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက် အဲဒီအမျိုးသားက သူ့ကို ဒုက္ခသည်ခိုလှုံရေးစင်တာတခုထဲက သန့်စင်ခန်းသွားဖို့ ပြောခဲ့ပြီးနောက် အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံခဲ့ရတာ ဖြစ်တယ်လို့ သူ့ရဲ့ရှေ့နေ စတက်ဖန် ဖရီရစ်ခ်ဆန်က ပြောပါတယ်။ ဒီအဖြစ်အပျက်အပေါ် မြို့ခံတွေဟာ စိတ်ဆိုးဒေါသထွက်ခဲ့ကြပြီး ဒုက္ခသည် ခိုလှုံရေးစင်တာကို ခဲနဲ့ပေါက် တိုက်ခိုက်ခဲ့ကြကာ အဲဒီအနီးတ၀ိုက် ရဲအင်အားနဲ့ လုံခြုံရေး တိုးမြှင့်ချထားခဲ့ရတာပါ။ ဖရီရစ်ခ်ဆန်က “ဒီလူတွေ ဘယ်ကလာသလဲဆိုတာ ကျနော်တို့ မသိနိုင်ပါဘူး။ သူ (အမျိုးသမီး) ကတော့ အကြောသေသွားခဲ့ပြီး ဘာမှမသိဘူးလို့ ပြောနေခဲ့ပါတယ်” လို့ ဆိုပါတယ်။ ဒေသတွင်း သတင်းစာတစောင်ဖြစ်တဲ့ အက်စ်ပရက်ဆန်ကတော့ ပြစ်မှုကျူးလွန်သူတွေ အားလုံးဟာ အဲဒီဒုက္ခသည် ခိုလှုံရေးစင်တာကပဲဖြစ်ပြီး အသက် ၂၀ အရွယ် အမျိုးသား ၆ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြခဲ့တာပါ။ ရဲချုပ် တော်ဘီယွန် နီလ်ဆင်က “ဂေါ့တ်လဲန်းဟာ တခြားနေရာတွေထက်စာရင် လုံခြုံစိတ်ချရပါတယ်။ ရာဇ၀တ်ပြစ်မှုလည်း တခြားနေရာတွေထက် နည်းပါတယ်။ ဒါပေမယ့် ခုအဖြစ်အပျက်ကတော့ မျှော်လင့်မထားတဲ့ မကြုံဘူးတဲ့ အဖြစ်အပျက်ပါပဲ” လို့ ပြောပါတယ်။
4 years Ago
Up