အဓမ္မပြုကျင့်မှု

November 15, 2021

တီးတိန်မြို့နယ်တွင် မီးနေသည် အမျိုးသမီး ၁ ဦးကို စစ်ကောင်စီတပ်က အဓမ္မပြုကျင့်

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ မီးနေသည် အမျိုးသမီးတယောက်ကို အဓမ္မပြုကျင့်တဲ့ဖြစ်စဉ်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၁ ရက် ညက တီးတိန်မြို့နယ် အပ်လွယ်ရွာမှာ နေထိုင်တဲ့ မီးနေသည် အမျိုးသမီးတယောက်ကို  စစ်ကောင်စီတပ်သားတွေက အကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီး နေအိမ်က အဖိုးတန် လက်ဝတ်ရတနာတွေကိုလည်း ယူသွားခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသမီးရဲ့ ခင်ပွန်းကိုတော့ အဲဒီအချိန်မှာ ဝပ်ခိုင်းထားပြီး ရိုက်နှက်ကန်ကျောက် အနိုင်ကျင့်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

ဒါဟာ တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ အမျိုးသမီးတွေရဲ့ လုံခြုံရေး အရှက်တရားနဲ့ အသက်၊ အခွင့်အရေးတို့ကို ချိုးဖောက်တာဖြစ်ပြီး ချင်းတမျိုးသားလုံးနဲ့ မြန်မာပြည်သူတွေကို စော်ကားတာပဲ ဖြစ်တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဓမ္မမှု ကျူးလွန်သူနဲ့ ကျူးလွန်မှုအတွက် တာဝန်ရှိသူအားလုံး အနေနဲ့ ဒီဖြစ်စဉ်အတွက် တာဝန်ယူရမှာဖြစ်ပြီး မင်းတပ်လူထုနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့လည်း ထုတ်ပြန်ပါတယ်။

2 weeks Ago

June 23, 2021

အဓမ္မပြုကျင့်ပြီး ပြည့်တန်ဆာအိမ်တွင်ရောင်းစားခဲ့သည့် ပထွေးကို ပြင်သစ်အမျိုးသမီး ပစ်သတ်

ပြင်သစ်နိုင်ငံ အရှေ့ပိုင်းမှာ ပထွေးဖြစ်သူကို သတ်ဖြတ်မှုနဲ့ စွပ်စွဲခံရတဲ့ ပြင်သစ် အမျိုးသမီးရဲ့ တရားခွင်ကို ဇွန်လ ၂၁ ရက်မှာ စတင်စစ်ဆေးပါတယ်။ 

အသက် ၄၀ အရွယ် ဗလေရီဘာကို့တ်ဟာ သူ့ကို အဓမ္မပြုကျင့်ပြီး ပြည့်တန်ဆာအိမ်မှာ ရောင်းစားခဲ့တဲ့ ပထွေးကို  ၂၀၁၆ မတ်လက အသေပစ်သတ်ခဲ့တာပါ။

ဘာကို့တ်ရဲ့ ပထွေးဖြစ်သူ၊ မိခင်ရဲ့ ချစ်သူ ပိုလတ်တေဟာ ဘာကို့တ် ၁၂ နှစ် အရွယ်ကတည်းက စတင် အဓမ္မပြုကျင့်ခဲ့ပြီး အဲဒီအတွက် ထောင်ဒဏ် ၂ နှစ် ကျခံခဲ့ရပေမဲ့  ထောင်က လွတ်လာချိန်မှာ မိသားစုနဲ့ ပြန်ဆုံစည်းခွင့်ရခဲ့ပါတယ်။

ပိုလက်တေဟာ ဘာကို့တ်ကို ဆက်အဓမ္မပြုကျင့်ခဲ့ပြီး အိမ်နဲ့ အဝေးပြေးရပ်နားစခန်းတွေမှာ ပြည့်တန်ဆာအဖြစ် အတင်းဖိအားပေး ခိုင်းစေခဲ့တယ်လို့ ဘာကို့တ်က ပြောပါတယ်။

သူဟာ ပထွေးနဲ့ ကလေး ၄ ယောက် ရခဲ့ပြီး သူ့သမီးကိုပါ ပထွေးက စပြီး စိတ်ဝင်စားလာမှာ စိုးရိမ်လို့ ပစ်သတ်ခဲ့တာလို့ ပြောပါတယ်။

“ဗလေရီ ဘာကို့တ်ဟာ အသင့်ဖြစ်နေပြီ။ သူဟာ သူ့အကြောင်း ရှင်းပြလိမ့်မယ်။ ပြင်သစ်နိုင်ငံထဲက ဗလေရီလို အမျိုးသမီးအားလုံး ကိုယ်စား သူက စကားပြောလိမ့်မယ်”လို့  သူ့ရှေ့နေ နာတာလီ တိုမာစီနီက ပြောပါတယ်။

 ငါးရက်ကြာ ကြားနာစစ်ဆေးပွဲရဲ့ ဒုတိယနေ့ ဇွန်လ ၂၂ရက်မှာ ဘာကို့တ်ဟာ ဒီဂျွန်မြို့နားက ရှာလွန်ဆာစဝမ်မြို့တရားရုံးကို ဘာကို့တ် ရောက်လာချိန်မှာ သတင်းထောက်တွေ သူ့နောက်က တန်းစီ လိုက်လာခဲ့ကြပါတယ်။

5 months Ago
More News
Up