အဓမ္မပြုကျင့်

December 25, 2021

ဆူဒန်တွင် စစ်တပ်ဆန့်ကျင်ဆန္ဒပြသည့် အမျိုးသမီး ၁၃ ဦး အဓမ္မပြုကျင့်ခံရ

ဆူဒန်နိုင်ငံ မြို့တော် အွန်ဒါမန်နဲ့ တခြားမြို့ကြီးတွေမှာ စစ်တပ် ဆန့်ကျင်ရေးလုပ်ခဲ့တဲ့ အမျိုးသမီး ၁၃ ယောက် အဓမ္မပြုကျင့်ခံရတာကြောင့်  အမျိုးသမီးတွေ ရာထောင်ချီ ဆန္ဒပြခဲ့ပါတယ်။

ဒီဇင်ဘာ ၁၉ ရက်က စစ်တပ်ရဲ့ အာဏာထိန်းချုပ်ထားမှုကို တနိုင်ငံလုံး ဆန္ဒပြကြရာမှာ၊ အမျိုးသမီး ၁၃ ဦးကို လုံခြုံရေးတွေက အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံရေးပါတီတွေ ကျောထောက်နောက်ခံပြုထားတဲ့ အမျိုးသမီးအုပ်စုတွေဟာ အွန်ဒါမန်၊ ခါတွမ်၊ ဘာရီ၊ ကာစလာ စတဲ့မြို့ကြီးတွေမှာ ချီတက်ဆန္ဒပြခဲ့ကြပြီး ဒရမ်တွေတီး၊ အမျိုးသမီးအခွင့်အရေး သီချင်းတွေ သီဆိုကြပါတယ်။

အမျိုးသမီးရေးလှုပ်ရှားသူ အမီယာဂိုမာက “ဘယ်လောက်ပဲ စော်ကားစမ်းပါစေ၊ ကျမတို့ စိတ်ဓာတ်တွေ ရိုက်ချိုးခံမှာမဟုတ်ဘူးဆိုတာ ဒီဆန္ဒပြပွဲက သက်သေပါပဲ။ အမျိုးသမီးတွေကို အဓမ္မပြုကျင့်သူတွေဟာ ပြစ်ဒဏ်ကျခံရမယ့် ဝံပုလွေတွေပါ” လို့ ပြောပါတယ်။

အွန်ဒါမန်မြို့က အမျိုးသမီးရေးတက်ကြွလှုပ်ရှားသူ ဝါလာ အက်ဒလာဇစ် ကလည်း “လမ်းပေါ်ထွက် ဆန္ဒမပြရဲအောင် သူတို့က အဓမ္မပြုကျင့်ပြီး ကျမတို့ ကြောက်အောင် လုပ်တယ်၊ ဒါပေမဲ့ ကျွန်မတို့ မကြောက်ဘူး၊ ဆက်ခုခံသွားမယ်” လို့ ပြောပါတယ်။

အမေရိကန်၊ အင်္ဂလန်နဲ့ ဥရောပသမဂ္ဂတို့က ကျူးလွန်သူ မည်သူမဆို တာဝန်ခံရမယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဆူဒန်စစ်တပ်နဲ့ ရဲတွေကတော့ ရေငုံနှုတ်ပိတ်နေပါတယ်။

4 weeks Ago

January 9, 2021

ပဲခူးမြို့တွင် ၇ နှစ်အရွယ်ကျောင်းသူအား ဦးလေးတော်စပ်သူက အဓမ္မပြုကျင့်မှု ဖြစ်ပွား

ပဲခူးမြို့ လိပ်ပြာကန်ရပ်ကွက်မှာ ၇ နှစ်အရွယ် ၁ တန်းကျောင်းသူ ၁ ဦးအား အသက် ၂၅ နှစ်အရွယ် ဦးလေးတော်စပ်သူက အဓမ္မပြုကျင့်ခဲ့တယ်လို့ မိခင်ဖြစ်သူက ရဲစခန်းမှာ အမှုဖွင့်တိုက်ကြားခဲ့ပါတယ်။

ဇန်နဝါရီ ၈ ရက်နေ့မနက် ၇ နာရီအချိန်လောက်က မ ---ရဲ့  မိခင်ဟာ တူမ ၁ ယောက် နေထိုင်မကောင်းလို့ ပဲခူးပြည်သူ့ဆေးရုံကို ဆေးရုံစာအုပ်သွားထပ်စဉ် အိမ်အပေါ်ထပ်အိပ်ခန်းမှာ အိပ်ပျော်နေတဲ့ မ--ကို ဦးလေးတော်စပ်သူ လွင်မိုးအောင်(ခ) အညာသားဆိုသူက အိမ်ပေါ်ကိုတက်လာပြီး အဓမ္မပြုကျင့်ခဲ့ကြောင်း သမီးဖြစ်သူရဲ့ ပြောပြချက်အရ မိခင်ကသိ ခဲ့ရတာပါ။

သမီးဖြစ်သူအား သားမယားပြုကျင့်သူ လွင်မိုးအောင်(ခ) အညာသားအား အရေးယူပေးဖို့ ပဲခူးမြို့မ ရဲစခန်းမှာ တရားလိုပြုလုပ်တိုင်ကြားခဲ့တာပါ။

ပဲခူးမြို့မရဲစခန်းကနေ လွင်မိုးအောင်(ခ) အညာသားအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ နဲ့ ဇန်နဝါရီ ၈ ရက်နေ့က အမှုဖွင့်ဖမ်းဆီးအရေးးယူထားတယ်လို့ သိရပါတယ်။

အောင်စိုးမိုး

1 year Ago
More News
Up