အဒ်ဗိုကတ်

A d v e r t i s e m e n t With Us

October 5, 2015

ဆန်းဒါးလန်း နည်းပြ ရာထူးမှနုတ်ထွက်

ဆန်းဒါးလန်း အသင်း နည်းပြဖြစ်သူ ဒစ် အဒ်ဗိုကတ် နည်းပြရာထူးကနေ အောက်တိုဘာ ၄ ရက်နေ့က   နုတ်ထွက်သွားခဲ့ပါတယ်။ သူ့ရဲ့အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲအပြီး နိုင်ပွဲတပွဲမှ မရှိဘဲ အဆင့် ၁၉ ကို ရောက်နေတာပါ။ ပရီးမီးယားလိဂ်မှာတော့ သူဟာ အခုနှစ်အတွက် ပထမဆုံး နည်းပြရာထူး အပြောင်းအလဲ ဖြစ်ခဲ့သူပါ။ သူဟာ မတ်လက စတင်ပြီး အသင်းကို  တာဝန်ယူကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ ပေါင် ၂၅ သန်း အသုံးပြုပြီး အသင်းအတွက် ကစားသမားတွေ ၀ယ်ယူ အားဖြည့်ခဲ့ပေမယ့်လည်း အခုချိန်အထိ ၁ မှတ်သာ ရထားတာပါ။ အဒ်ဗိုကတ်ကတော့ အသင်းကို  ပြောင်းလဲပစ်ဖို့ အချိန်အများအပြား လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။
5 years Ago
Up