အဒူးကျေးရွာ

September 22, 2021

ပဲခူးတိုင်း ကဝမြို့နယ် အဒူးကျေးရွာရှိ မိုင်တဲလ်တာဝါတိုင် ဖျက်ဆီးခံရ

ပဲခူးတိုင်း ကဝမြို့နယ် အဒူးကျေးရွာရှိ မိုင်တဲလ်တာဝါတိုင်ကို စက်တင်ဘာ ၂၀ ရက်ည ၁၀ နာရီခွဲလောက်က ဖျက်ဆီးခဲ့တယ်လို့ ပဲခူးလွတ်မြောက်ရေးတော်မတီ (BLA) က ထုတ်ပြန်ထားပါတယ်။ 

ပြည်သူလူထုအား မတရားအကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီနဲ့ အပေါင်းအပါတွေကို တိုက်ခိုက်ခြင်းသာဖြစ်ပြီး ပြည်သူလူထု အနှောင့်အယှက်ဖြစ်သွားပါက အနူးအညွတ်တောင်းပန်တယ်လို့ ဆိုပါတယ်။

ပဲခူးလွတ်မြောက်ရေးတော်မတီ (BLA) နဲ့ ရွှေချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SCPDF)တို့ မဟာမိတ်အဖွဲ့အဖြစ် ပူးပေါင်းပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းတိုက်ခိုက်မယ်လို့ ထုတ်ပြန်ထားပါတယ်။

4 weeks Ago
Up