အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်က ပြန်လည်ထူထောင်ရေး စခန်းတခုမှာ အဒီနို ဗိုင်းရပ်စ်ပိုး ကူးစက်မှု ပြန့်ပွားအပြီး ကလေး ၆ ယောက် သေဆုံးခဲ့ပါတယ်။
တခြား ကလေးငယ် ၁၂ ယောက်ဟာလည်း မကျန်းမမာ ဖြစ်နေတယ်လို့ နယူးဂျာစီ ကျန်းမာရေးဌာနက အောက်တိုဘာ ၂၃ ရက်မှာ ပြောပါတယ်။
အဒီနိုဗိုင်းရပ်စ်ဟာ အအေးမိတဲ့ လက္ခဏာကိုပြတဲ့ အပျော့စား နာမကျန်းမှုဖြစ်ပြီး ကလေးငယ်တွေမှာ အဖြစ်များပါတယ်။
ဒါပေမယ့် ကူးစက်ခံ ကလေးတွေရဲ့ ကိုယ်ခံအားစနစ်ကို သက်ရောက် စေတယ်လို့ ကျန်းမာရေးဌာနကပြောပါတယ်။
ဒေသခံတယောက်က “ဒီဌာနကိုလာသူ အများစုက လာလည်ကြသူတွေပါ။ ဒီလို ဖြစ်မယ်လို့ သတိမထားမိခဲ့ဘူး။”လို့ ပြောပါတယ်။
ကျန်းမာရေးဌာနဆိုင်ရာ အရာရှိတွေက စခန်းကို ရောက်လာပြီး လက်ဆေးတဲ့ အလေ့အကျင့် အားနည်းတာကို တွေ့ခဲ့တယ်လို့ ဌာနက ပြောပါတယ်။
ခုတော့ ကူးစက်မှု ထိန်းချုပ်ရေးစခန်းနဲ့ ကျန်းမာရေးဌာန ပူးပေါင်း လုပ်ဆောင်နေပါတယ်။
2 years Ago