အထွေထွေအုပ်ချုပ်ရေးမှူးရုံး

October 5, 2021

ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့ ဗုံး ၄ လုံးပေါက်ကွဲ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့မှာ အောက်တိုဘာလ ၄ ရက်နေ့ ညပိုင်းက ဗုံး ၄ လုံးပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။

ဟင်္သာတမြို့နယ် ထွေအုပ်ရုံးရှေ့မှာ ည ၇ နာရီလောက်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးချိန်မှာ ဗုံးသုံးလုံး ထပ်မံပေါက်ကွဲခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတစ်ဦးက “ဗုံး ၁ လုံးအရင်ပေါက်တယ်။ စစ်သားနဲ့ရဲတွေ ရောက်လာပြီး စစ်ဆေးနေတဲ့အချိန် နောက်ထပ် ၃ လုံး ထပ်ပေါက်တယ်။ ထိခိုက်ဒဏ်ရာ ရတာတော့ရှိမယ်။ ဘယ်သူ ထောင်တာလဲတော့ မသိဘူး” လို့ ပြောပါတယ်။

ဟင်္သာတမြို့နယ်မှာ စက်တင်ဘာ ၈ ရက်နေ့ကလည်း ဆိုင်ကယ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်စီးနင်းသူ ဒဏ်ရာရရှိခဲ့သလို ဇွန် ၂၅ ရက်နေ့ကလည်း ပတ္တမြားရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံး တွေ့ရှိခဲ့ပါသေးတယ်။

2 weeks Ago
Up