အထွေထွေသပိတ်တပ်ပေါင်းစု

April 5, 2021

စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး မန္တလေးတွင် အထွေထွေသပိတ်တပ်ပေါင်းစုဖွဲ့စည်း

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး အတွက် အဓိကရည်ရွယ်ပြီး မန္တလေးမှာ သပိတ်စစ်ကြောင်း ၂၀ ပူးပေါင်းကာ အထွေထွေ သပိတ်တပ်ပေါင်းစုတခုကို ဧပြီလ ၄ ရက်နေ့က ဖွဲ့စည်းလိုက်ပါတယ်။

ဒီသပိတ်တပ်ပေါင်းစုကနေ ဒေသအလိုက် သပိတ်ကော်မတီများဖွဲ့စည်းရေး၊ CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေကို ကူညီရေး၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် လူထုသပိတ်တိုက်ပွဲတွေ စုပေါင်းဖော်ဆောင်နိုင်ရေး၊ တိုက်ပွဲအရှိန်အဟုန် ထိန်းညှိနိုင်ရေး၊ လူထုလှုပ်ရှားမှုတွေကို စုပေါင်းကိုယ်စားပြုရေး စတာတွေ လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သပိတ်တပ်ပေါင်းစုမှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂ သပိတ် စစ်ကြောင်းတွေ၊ ဘုရားကြီးငြိမ်းချမ်းရေး သပိတ်စစ်ကြောင်း၊ မြန်မာ-မွတ်စလင်အဖွဲ့၊ ဟိန္ဒူ ဘာသာဝင်အဖွဲ့၊ ဥပဒေအထောက်အကူပြုအဖွဲ့တွေ ပါဝင်ကြပါတယ်။

နိုင်ငံတော်အာဏာသိမ်းခံရပြီးနောက် ဖေဖော်ဝါရီ ၆ ရက်ကစပြီး နိုင်ငံအဝှမ်း စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းတွေ ကိုယ့်အစုအဖွဲ့အလိုက် ပေါ်ထွက်လာခဲ့တာဖြစ်ပြီး လက်ရှိ အချိန်အထိလည်း ပုံစံအမျိုးမျိုးနဲ့ သပိတ်စစ်ကြောင်းတွေ လမ်းပေါ်ထွက်နေကြစဲဖြစ်ပါတယ်။

1 month Ago
Up