အထွေထွေသပိတ်တပ်

April 26, 2021

မန္တလေးမြို့တွင် အတားအဆီးများကြားက အထွေထွေသပိတ်တပ်ပေါင်းစု ဆန္ဒပြ

မန္တလေးမြို့မှာ အာဏာသိမ်း စစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေ နေရာအနှံ့ရှိနေပေမယ့် ဧပြီ ၂၆ ရက် မနက်ပိုင်းက စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်း အောင်မြင်စွာချီတက် ဆန္ဒပြခဲ့ကြပါတယ်။

စုပေါင်းသပိတ်စစ်ကြောင်းမှာ ဘုရားကြီးငြိမ်းချမ်းရေးသပိတ်စစ်ကြောင်း၊ အထက(၇)ကျောင်းသားကျောင်းသူဟောင်းများသပိတ်စစ်ကြောင်း၊ ဗကသ သပိတ်စစ်ကြောင်း၊ ပညာရေးမိသားစုသပိတ်စစ်ကြောင်း၊ တမ္ပဝတီသပိတ်စစ်ကြောင်း၊ သမဝါယမ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊ စိန်ပန်းသပိတ်စစ်ကြောင်းနဲ့ မန္တလေးတက္ကသိုလ်ကျောင်းသား သမဂ္ဂသပိတ်စစ်ကြောင်းတို့ ပါဝင်ခဲ့ကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့တွေဟာ အကြမ်းဖက် ပစ်ခတ် လူသတ် ဖမ်းဆီးတာတွေ နေ့စဉ် ပြုလုပ်နေပေမယ့် စစ်အာဏာရှင်ပြုတ်ကျရေး ပြည်သူလူထုရဲ့ ဆန္ဒပြပွဲတွေကလည်း နေ့စဉ်  ပုံစံအမျိုးမျိုးနဲ့ရှိနေပါတယ်။

3 weeks Ago
Up