အထွေထွေသပိတ်စစ်‌ကြောင်း

April 9, 2021

မြစ်ကြီးနားတွင် အထွေထွေသပိတ်စစ်‌ကြောင်း ဆက်လက်ချီတက်ဆန္ဒပြ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ဧပြီလ ၉ ရက်က  အ‌‌ထွေထွေသပိတ်စစ်ကြောင်း ဖြိုခွင်းမခံရဘဲ အောင်မြင်စွာ ဆက်လက်ချီတက်ဆန္ဒပြနိုင်ခဲ့ကြတယ်လို့ သပိတ်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

အထွေထွေသပိတ်စစ်ကြောင်းဟာ မြစ်ကြီးနားမြို့ စက်မှုဇုန်ရပ်ကွက်အတွင်းမှာ စီတန်းလှည့်လည်ပြီး စစ်အာဏာရှင်ကိုလက်မခံကြောင်း  ချီတက်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

မြစ်ကြီးနားမြို့မှာ စစ်အာဏာရှင်ကျဆုံးရေး ဆန့်ကျင်ဆန္ဒထုတ်ဖော်ပွဲကို တစ်ရက်မနား ဆက်တိုင်ပြုလုပ်နိုင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းလို့ သေဆုံးသူ ၃ဦးရှိပြီလို့ သိရပါတယ်။

ရန်ကုန် လှိုင်မြို့နယ်နေပြည်သူတွေက ဒီကနေ့  ဧပြီ  ၉  ရက်မနက်ပိုင်းမှာ စစ်အာဏာသိမ်းမှုကို ဆက်လက်ဆန့်ကျင်ကြောင်းပြသတဲ့အနေနဲ့ စီတန်း လှည့်လည်ဆန္ဒပြခဲ့ကြပြီး  စစ်ကောင်စီရဲ့ အတင်းဓမ္မ ဧည့်စာရင်းတိုင်ကြားခိုင်းမှုကိုလည်း  ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ် ။

Photo - MPA

8 months Ago
Up