မေ ၁၄ ရက် ဒီကနေ့ ကျရောက်တဲ့ ၁၁၉ နှစ်ပြည့် ကျောက်မဲမြို့တည် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် မြို့လုံးကျွတ်အထွေထွေသပိတ် ပြုလုပ်ခဲ့ရာမှာ အကြမ်းဖက် စစ်အုပ်စုက လာရောက် ဖြိုခွဲခဲ့ပါတယ်။
သပိတ်ကို အကြမ်းဖက်စစ်အုပ်စုမှ လာရောက်ဖြိုခွဲခဲ့ပေမယ် မြို့ခံ ပြည်သူလူထုတွေက အောင်မြင်စွာ လူစုခွဲနိုင်ခဲ့ပြီး ပြန်လည်စုစည်းကာ ဆက်လက်ချီတက် ဆန္ဒပြခဲ့ပါတယ်။
မန္တလေးမြို့မှာ ဧပြီ ၂၅ ရက်နေ့က စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
အထွေထွေသပိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ တမ္ပဝတီလူထု သပိတ်စစ်ကြောင်း၊ ဘုရားကြီး ငြိမ်းချမ်းရေးသပိတ်စစ်ကြောင်း၊ အထက-၇ (မန်း)ကျောင်းသား/သူဟောင်းအဖွဲ့ တို့ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။