အထူးအိမ်သာထားရှိ

February 12, 2020

ဂျပန်လေဆိပ်တွင် ခရီးသွားခွေးကလေးများအတွက် ကမ္ဘာ့အဆင့်မီ အထူးအိမ်သာထားရှိ (ရုပ်သံ)

ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ရှိ  အီတမိလေဆိပ်ထဲမှာ ဝန်ဆောင်မှုမြှင့်တင်တဲ့အနေနဲ့ ခရီးသည်တွေ အတွက်သာမကပဲ ခရီးသည် ခွေးကလေးတွေအတွက်ပါ အထူးအိမ်သာသန့်စင်ခန်း ထားရှိလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီနေရာဟာ လေဆိပ်ဂိတ်အပြင်ဘက်မှာ သီးခြားခြံစည်းရိုးတခုနဲ့ ကမ္ဘာ့အဆင့်မီ နားနေခန်းတခုလို ပြင်ဆင်ထားခဲ့ပြီး ကိုယ်တိုင်သန့်ရှင်းနိုင်မယ့် ရေပန်းပါ ရေချိုးကြွေဇလား၊ ရေအင်တုံတွေနဲ့ သန့်ရှင်းနိုင်မယ့် ပစ္စည်းကိရိယာအစုံအလင်ထည့်သွင်းထား တယ်လို့ ဆိုပါတယ်။ လေဆိပ်ဂိတ်အတင်အချ နေရာပြင်ပမှာ ခုလိုထားရှိခြင်းအားဖြင့် ခွေးကလေးတွေ ကိုရော သခင်တွေကိုပါ ဝန်ထုပ်ဝန်ပိုးလျော့ကျသွားစေနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ “လေယာဉ်မထွက်ခင်မှာ ခွေးလေးတွေနဲ့ သူတို့ရဲ့ သခင်တွေဟာ ဒီအိမ်သာသန့်စင်ခန်းကို အသုံးပြုကြလိမ့်မယ်”လို့ လေဆိပ်တာဝန်ရှိသူတဦးက ဆိုပါတယ်။ လတ်တလောမှာတော့ ဒီဝန်ဆောင်မှုကို လာမယ့်ကြာသပတေးနေ့က စတင်ကာ နေ့စဉ်မနက် ၅ နာရီခွဲကနေ ည ၁၀ နာရီထိ အသုံးပြုနိုင်ပြီဖြစ်တယ်လို့ ဂျပန်တိုင်းမ်စ် သတင်းမှာ ဖော်ပြပါတယ်။  
2 years Ago
Up